Home
မြန်မာသတင်း
ဥသျှစ်​ပင်​မြို့တွင် တရားမဝင်သစ်စက်နှင့်သစ်များကို အမျိုးသမီးလွှတ်တော်အမတ်များကိုယ်တိုင် ကွင်းဆင်းဖမ်းဆီး
DVB
·
December 28, 2017
    ပဲခူးတိုင်း​ဒေသကြီးအ​နောက်​ခြမ်း ဥသျှစ်ပင်မြို့နယ် ​ကြိုးကြာ​ကျေးရွာနားမှာ  ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီလောက်က တရားမဝင်ကျွန်းနဲ့ ပျဉ်းကတိုး​ရောရာ သစ်​ ၁၄ ဒသမ ၄၁၉ တန်​ကို ဖမ်းဆီးမိခဲ့ပါတယ်။ အခုတရားမဝင် သစ်ဖမ်းဆီးမှုဟာ ပန်း​တောင်းမြို့နယ်​ထဲမှာ လွှတ်​​တော်​ကိုယ်​စားလှယ်​ အမျိုးသမီးတွေရဲ့ ၂ ကြိမ်​​မြောက်​ ကိုယ်​တိုင် ​ကွင်းဆင်းဖမ်းဆီးတာ ဖြစ်တယ်လို့ သိရပါတယ်​။ တိုင်း​ဒေသကြီး-၂ လွှတ်​​တော်​ကိုယ်​စားလှယ် ​ဒေါ်ဇင်​မိုးထိုက်​က“ပြည်​သူတဦးက တိကျတဲ့ သတင်း​ပေးတယ်​။ ကျမ ရယ်၊ ​တိုင်း-၁ လွှတ်​​တော်​ကိုယ်​စားလှယ် ​​ဒေါ်ပပဟန်​ရယ် ​နှစ်​​ယောက်​က သစ်​​တောဦးစီးနဲ့ မြို့နယ်​ရဲကို ​ခေါ်ပြီး ဥသျှစ်​ပင်​ကျမှ ရဲအင်​အား ထပ်​ဖြည့်ပြီး တိုင်​ကြားခံရတဲ့ ​နေရာကို သွားတယ်။ ​မိတယ်​။”လို့ပြောပါတယ်။ ခုဖမ်းမိတဲ့သစ်​​တွေဟာ ပိုင်​ရှင်​နဲ့အတူ မ​တွေ့လို့ ပိုင်​ရှင်​မဲ့ စုံစမ်းဆဲအဖြစ်​ သစ်​​တောဦးစီးဌာနက သိမ်း​ဆည်းခဲ့ပါတယ်။ တိုင်း-၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်က “ကျမတို့ကို တိတိကျကျ တိုင်ကြားမယ်​ဆိုရင် ​အချိန်​နဲ့တ​ပြေးညီ လစ်​ဟာမှု မရှိ​အောင် ​အလုပ်​လုပ်​နိုင်​ပါတယ်။ ​ခုလည်း ကား​ပေါ် တက်​ကတည်းက ဖုန်း​တွေ အကုန်​ပိတ်​ခိုင်းပြီး သွားကြတယ်​။ ခရီးစဉ်​ကို ကြိုမ​ပြောဘူး”လို့ ​ပြောပါတယ်​။ ဒီဇင်ဘာ ၂၂ ရက်​​ကလည်း ဥသျှစ်​ပင်​မြို့တွင်း ဇီဇဝါ ၁၃-လမ်းက လူ​နေအိမ်​ ခြံဝင်းထဲမှာ သစ်​စက်​နဲ့ ကျွန်းသစ် ​အပါအဝင် ​၅ ဒသမ ၇ တန်​ ဖမ်းမိတဲ့ အိမ်​ရှင် ​ကိုထွန်းမင်းလတ်​ကို သစ်​​တောဥပ​ဒေပုဒ်​မ​တွေဖြစ်​တဲ့ ၄၃(က)၊၄၂(ခ)၊၄၂(ဂ) သစ်တောထွက်ပစ္စည်းများ တရားမဝင် ရွှေ့ပြောင်းခြင်း သယ်​ဆောင် သို့မဟုတ် သိုလှောင်ခြင်း၊ ခွဲစိတ်ရာင်းချနေခြင်း ဥပဒေတွေနဲ့ အရေးယူထားတယ်လို့ဥသျှစ်​ပင်​ နယ်​မြေရဲစခန်းမှူး ရဲအုပ်​ဝင်းဆန်းက ​ပြောပါတယ်​။ အခုလို သတင်း​ပေး တိုင်​ကြားသူ​တွေကို ၂၀၁၁ တုန်းကတော့ သစ်မှောင်ခိုသမားတွေက ဝိုင်းဝန်းရိုက်​နှက်​ပြီး အသက်အန္တရာယ် ခြိမ်းခြောက်တာ ပြုလုပ်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ သတင်း - ​နေမှူးလူ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024