ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရန် ငွေကြေးပိုသုံးဖို့လိုဟု မော်ရင်ဟို ပြော

1.6K
ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူဖို့ဆိုရင် အခုထက်ငွေပိုသုံးပြီး ကစားသမားကောင်းတွေခေါ်ဖို့ လိုတယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက ဘန်လေအသင်းနဲ့ ၂ ဂိုးစီ သရေကျအပြီး မော်ရင်ဟိုက ပြောကြားလိုက်တာပါ။
ပြိုင်ဘက် မန်စီးတီးအသင်းဟာ တိုက်စစ်မှူးတွေအတွက် ပေးရမယ့်ငွေကြေးနဲ့ ခံစစ်ကစားသမားတွေကို ဝယ်ယူထားတဲ့အတွက် မန်စီးတီးကို ယှဉ်ကစားဖို့ဆိုရင် ငွေပိုသုံးဖို့လိုတယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။
မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ နောက်ခံလူတွေဖြစ်တဲ့ ကိုင်လီဝေါ်လ်ကာ၊ မန်ဒီနဲ့ ဒန်နီလိုတို့ကို ငွေကြေးများစွာပေးပြီး ခေါ်ယူထားခဲ့တာပါ။
မော်ရင်ဟိုဟာ မန်ယူအသင်းကို ရောက်ရှိလာပြီးနောက်ပိုင်း ပေါင်သန်း ၃၀၀ အထိ ငွေကြေးသုံးစွဲခဲ့ပေမယ့် ဒီပမာဏဟာ လုံလောက်မှုမရှိသေးဘူးလို့ ဆိုပါတယ်။