ကမ္ဘာ့ဖလားမတိုင်မီ အိမ်ရှင်ရုရှားကစားသမားများကို တားမြစ်ဆေးသုံးစွဲမှုရှိမရှိ စစ်ဆေးမည်

1.4K
ကမ္ဘာ့ဖလားအိမ်ရှင် ရုရှားကစားသမားတွေကို ပြိုင်ပွဲမတိုင်ခင် တားမြစ်ဆေးသုံးစွဲမှုရှိမရှိ စစ်ဆေးသွားမယ်လို့ ဖီဖာက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အနေနဲ့ ရုရှား ဘောလုံးသမားတွေကိုလည်း ကမ္ဘာ့ဖလားမတိုင်ခင်မှာ တားမြစ်ဆေးသုံးစွဲမှု ရှိမရှိ စစ်ဆေးမှာဖြစ်သလို တခြား ပြိုင်ပွဲဝင်အသင်းတွေက ကစားသမားတွေကိုလည်း ကျပန်းစနစ်နဲ့ စစ်ဆေးမယ်လို့ ဆိုပါတယ်။
ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကြီးအကဲတဦးဖြစ်ပြီး ရုရှားဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဗစ်တာလီမက်ကိုဟာ ၂၀၁၅ ခုနှစ်က ပြေးခုန်းပစ်ကစားသမားတွေကို တားမြစ်ဆေးသုံးစွဲရာမှာ အားပေးကူညီခဲ့လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက အိုလံပစ်ပြိုင်ပွဲတွေမှာ တသက်တာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ထားပါတယ်။
ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတဦးကိုယ်တိုင် တားမြစ်ဆေးသုံးစွဲမှုမှာ အားပေးကူညီခဲ့တာကြောင့် နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေတဲ့ အချိန်မှာပဲ ဖီဖာက ပြိုင်ပွဲမတိုင်ခင် တားမြစ်ဆေးသုံးစွဲမှုရှိမရှိ စစ်ဆေးပေးမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။