A d v e r t i s e m e n t With Us

ဆီးရီးယားတွင် ရုရှားလေတပ်နှင့်ရေတပ် အမြဲတမ်းစခန်းချနိုင်မည့် သဘောတူညီချက် အတည်ပြု

ဓာတ်ပုံ - အေအက်ဖ်ပီ
ရုရှားလေတပ်နဲ့ ရေတပ်တွေ ဆီးရီးယားနိုင်ငံမှာ အမြဲတမ်းစခန်းချနိုင်မယ့် သဘောတူညီချက်ကို ရုရှားပါလီမန်က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အတည်ပြုပေးလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံ တာတက်စ် ရေတပ်စခန်းကို ရုရှားစစ်သင်္ဘောတွေ ဆက်လက်သုံးစွဲနိုင်ရေးအတွက် အခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က ရုရှားနဲ့ ဆီးရီးယားနိုင်ငံတွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အဲဒီသဘောတူညီချက်အရ ရုရှားစစ်သင်္ဘောတွေဟာ ဆီးရီးယားပင်လယ်မှာ သွားလာခွင့်ရရှိမှာ ဖြစ်သလို တာတက်စ် ရေတပ်စခန်းကိုလည်း အသုံးပြုခွင့်ရမှာဖြစ်တယ်လို့ ရုရှားပါလီမန် အထက်လွှတ်တော် လုံခြုံရေးနဲ့ ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ ဗစ်တာဘိုဒါရက်ဗ်က ပြောပါတယ်။ ရုရှားအတွက် မြေထဲပင်လယ်ထဲက တခုတည်းသော စစ်စခန်းဖြစ်တဲ့ ဆီးရီးယားနိုင်ငံက တာတက်စ် ရေတပ်စခန်းဟာ အရင် ဆိုဗီယက်ပြည်ထောင်စု ခေတ်ကတည်းက အသုံးပြုခဲ့တာဖြစ်ပေမယ့် စစ်င်္ဘောကြီးတွေ ဆိုက်ကပ်နိုင်လောက်အောင် ကြီးမားခြင်း မရှိပါဘူး။ အခုသဘောတူညီချက်အရ တာတက်စ်ရေတပ်စခန်းမှာ နျူကလီးယားစွမ်းအင်သုံး စစ်သင်္ဘောတွေ အပါအဝင် ရုရှားစစ်သင်္ဘော ၁၁ စင်းထိ ထားရှိနိုင်မှာဖြစ်ပါတယ်။ ရုရှားအနေနဲ့ ဆီးရီးယား တာတက်စ် ရေတပ်စခန်းကို  ၄၉ နှစ်ထိ အသုံးပြုနိုင်မှာဖြစ်ပြီး သက်တမ်း ဆက်လက်တိုးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အခုသဘောတူညီချက်အရ လက်ရှိသမ္မတ အာဆတ်ကို အထောက်အကူပေးတဲ့အနေနဲ့ ရုရှားတိုက်လေယာဉ်တွေ ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ဆီးရီးယားနိုင်ငံက ဟာမီမန် လေတပ်အခြေစိုက်စခန်းကိုလည်း ရုရှားစစ်တပ်က ဆက်လက်အသုံးပြုသွားမှာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up