ဘာကလေနှင့် လုခ်ရှောတို့ကို ခေါ်ယူရန် စပါး ကမ်းလှမ်းမည်

ဓာတ်ပုံ - Getty
1.4K
စပါးအသင်းဟာ အဲဗာတန်ကွင်းလယ်လူ ရော့ဒ်ဘာကလေနဲ့ မန်ယူနောက်ခံလူ လုခ်ရှောတို့ကို ခေါ်ယူဖို့ ကမ်းလှမ်းသွားမယ်လို့ ဆိုပါတယ်။
အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ ဘာကလေနဲ့ လုခ်ရှောတို့ဟာ သက်ဆိုင်ရာအသင်းတွေမှာ ပုံမှန်ပွဲထွက်ခွင့်မရဘဲ ဖြစ်နေတာကြောင့် ရောင်းထုတ်ခံရဖို့ ရှိနေတာပါ။
စပါးနည်းပြ ပိုချက်တီနိုအနေနဲ့ အဆင့်လေးအတွင်း ဝင်ရောက်ပြီး လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရလိုတာကြောင့် အသင်းကို အင်အားတောင့်တင်းစေဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်ရှိ ကွင်းလယ်ကစားသမား ဘာကလေဟာ ဒဏ်ရာခွဲစိတ်ကုသခဲ့ရာကနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပေမယ့် အဲဗာတန်အသင်းက အသုံးပြုခြင်း မရှိတော့ဘဲ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။
ဘာကလေကို ချဲလ်ဆီးအသင်းကလည်း ခေါ်ယူလိုတာကြောင့် စပါးအသင်းအနေနဲ့ အပြိုင်ကမ်းလှမ်းရဖို့ ရှိနေပါတယ်။