မန္တလေးသပိတ်ဦးဆောင်သံဃာများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်ခွဲချမှတ်
DVB
·
December 27, 2017
အစိုးရကိုကန့်ကွက်ကြောင်း ဆန္ဒပြတဲ့ မန္တလေးအမျိုးသားရေးသပိတ်ဦးဆောင် သံဃာ ၆ပါးကို ချမ်းမြသာစည်မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁နှစ်နဲ့ ၆လ ဒီဇင်ဘာ ၂၇ ရက်မှာ အမိန့်ချခဲ့ပါတယ်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သာသနာ ၂၅၀၀ ဗိမာန်ဝန်းအတွင်း အစိုးရကို ကန့်ကွက်ကြောင်း သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို သြဂုတ်လ ၅ ရက်နေ့ မနက် ၂ နာရီလောက်က တိုင်းအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ရဲတပ်ဖွဲ့တွေက ရှင်းလင်းဖယ်ရှားကာ တရားစွဲဆိုခဲ့တာပါ။
အစိုးရကို အကြည်ညိုပျက်စေမူ ပုဒ်မ (၅၀၅)(ခ)နဲ့ ခရိုင်သာသနာရေးဦးစီးမှူးက တရားလို ပြုလုပ်ပြီး ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ တရားစွဲခဲ့တာပါ။ အမှုရင်ဆိုင်ပြီး လေးလလောက် အကြာမှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။