A d v e r t i s e m e n t With Us

ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အာရ်ရီမြို့တွင် နှင်းထု ၅၃ လက်မအထိ ကျဆင်း

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အာရ်ရီမြို့လေးမှာ နှင်းထု ၅၃ လက်မအထိ ထူထပ်စွာ ကျဆင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့ မနက်အထိ နာရီပေါင်း ၃၀ အတွင်း နှင်းထူထပ်စွာ ကျဆင်းခဲ့တာပါ။ နေအိမ်တအိမ်ရဲ့ ခြံနောက်ဘက်မှာ နှင်းအတိ ဖုံးလွှမ်းနေပြီး မော်တော်ကားတွေဟာလည်း နှင်းထုအောက်ကို ရောက်နေပါတယ်။ ဒေသအာဏာပိုင်တွေက အဲဒီမြို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up