ဇာတ်မင်းသားဖိုးချစ် စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်း တည်ထောင်







2.8K
ဇာတ်မင်းသား ဖိုးချစ် တည်ထောင်တဲ့ Sagaing United Football Club ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မိဘပြည်သူတွေထံသို့ အပ်နှံပွဲ အခမ်းအနားကို မုံရွာမြို့၊ မြို့တော်ခန်းမမှာ ဒီဇင်ဘာလ ၂၇ ရက်က ပြုလုပ်ပါတယ်။
ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ စစ်ကိုင်း ယူနိုက်တက်ဘောလုံးအသင်း တည်ထောင်သူ ဇာတ်မင်းသား ဖိုးချစ်နဲ့ အားကစားသမားတွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းယူနိုက်တက် ဥက္ကဋ္ဌ ဇာတ်မင်းသားဖိုးချစ်က အသင်းဖြစ်ပေါ်လာပုံနဲ့ မြန်မာနေရှင်နယ်လိဂ်အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်တို့က မြန်မာ့ဘောလုံးအခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်ကို ဘောလုံးအသင်း အပ်နှံတာ၊ Dr.Myint Nai စာတန်းပါ အင်္ကျီပေးအပ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ ဇာတ်မင်းသား ဖိုးချစ်က စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ဝိုင်းဝန်းကူညီကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။