A d v e r t i s e m e n t With Us

စပါးအသင်းတွင် အကောင်းဆုံးနေရာ၌ မကစားခဲ့ရဟု ပေါ်လင်ဟို ပြော

စပါးအသင်းမှာတုန်းက မိမိရဲ့ အကောင်းဆုံးနေရာမှာ မကစားခဲ့ရဘူးလို့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ပေါ်လင်ဟိုက ပြောလိုက်ပါတယ်။ ဘရာဇီးလက်ရွေးစင် ပေါ်လင်ဟိုဟာ စပါးအသင်းကို လက်ရှိနည်းပြ ပိုချက်တီနို ကိုင်တွယ်စဉ်က ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့တာကြောင့် တရုတ်ကလပ် ဂွမ်ဇူးအဲဗားဂရင်းဒီ အသင်းကို ရောင်းထုတ်ခဲ့တာပါ။ စပါးအသင်းကို တင်ရှားဝုဒ် ကိုင်တွယ်စဉ်က အဆင်ပြေခဲ့ပေမယ့် ပိုချက်တီနို ရောက်လာပြီးနောက် နေရာမျိုးစုံမှာ ကစားခဲ့ရပြီး ပရီးမီးယားလိဂ်လိုပြိုင်ပွဲမှာ မိမိ အကောင်းဆုံးနေရာမှာ ကစားခွင့်မရလို့ အခက်တွေ့ခဲ့ရတယ်လို့ ပေါ်လင်ဟိုက ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ပေါ်လင်ဟိုဟာ ဘာစီလိုနာအသင်းမှာ မက်ဆီ၊ ဆွာရက်ဇ်တို့လို ထိပ်တန်းကစာသမားတွေနဲ့အတူ ခြေစွမ်းပြသနေပါတယ်။ စပါးအသင်းကထွက်ခွာပြီး တရုတ်လိဂ်မှာကစားစဉ်က ဒီလို ထိပ်တန်းအသင်းတသင်းမှာ ပြန်လည်ကစားခွင့်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်း ပေါ်လင်ဟိုက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up