A d v e r t i s e m e n t With Us

LED မီးလုံးပေါင်းသန်း ၈၀ခန့်ဖြင့် အလှဆင်ထားသည့် တောင်သမန်အင်းက ကမ္ဘာ့မီးအလှပြပွဲ

မန္တလေးမြို့၊ အမရပူရမြို့နယ် တောင်သမန်အင်း၊ ဦးပိန်တံတား အနောက်ဘက်ခြမ်းမှာ LED ကမ္ဘာ့မီးအလှပြပွဲနဲ့ မီးထွန်းပွဲတော်ကို ဒီဇင်ဘာ ၂၅ ရက် ညနေ ၅ နာရီအချိန်က စတင် ဖွင့်လှစ်ခဲ့တာပါ။ LED ကမ္ဘာ့မီးအလှပြပွဲနဲ့ မီးထွန်းပွဲတော်မှာ ပဲရစ်မြို့က အီဖယ်မျှော်စင်ပုံစံ၊ မင်းကွန်းခေါင်းလောင်းပုံစံ၊ ဖူဂျီမီးတောင်ပုံစံ၊ ပန်းပွင့်ပုံစံ၊ အသည်းပုံစံ၊ ကလေးတွေအကြိုက် ကာတွန်းပုံစံတွေအပြင် လူကြိုက်များတဲ့ လဝန်းပုံစံနဲ့ တခြားဒီဇိုင်းများစွာကို LED မီး အလုံးပေါင်း သန်း ၈၀ ခန့် အသုံးပြုထားကာ အလှဆင်ထားတယ်လို့ သိရပါတယ်။ LED မီးအလှပြပွဲကို ဒီဇင်ဘာ ၂၅ ရက်က စတင်ပြီး ၁၅ ရက်ကြာ ဇန်နဝါရီ ၈ ရက်နေ့အထိ တောင်သမန်အင်း ဦးပိန်တံတားနားမှာ ကျင်းပမှာ ဖြစ်ပြီး ဝင်ကြေးအနေနဲ့ လူကြီး ၂၀၀၀ ကျပ်၊ ကလေး ၁၀၀၀ ကျပ် ကောက်ခံပါတယ်။

A d v e r t i s e m e n t With Us

More News
Up