Home
မြန်မာသတင်း
မိန်းက​လေးတဦးကိုသတ်​ပြီး မီးရှို့အလောင်းဖျောက်ခဲ့သူကို ဖမ်းမိ
DVB
·
December 26, 2017
  ရှမ်းပြည်​နယ်အ​ရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ​မီးရှို့သတ်​ခံခဲ့ရတဲ့ မိန်းက​လေးအ​လောင်းနဲ့ ပတ်​သက်​ပြီး ပြစ်​မှုကျူးလွန်​ခဲ့တဲ့​ တရားခံတွေကို ဖမ်းဆီးရမိ​ပြီလို့  ကျိုင်းတုံမြို့မှာ​ ဒီ​နေ့  ပြုလုပ်​တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ ကျိုင်းတုံခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေက "​ကောင်​မ​လေးရဲ့ ရည်းစားက ​ဖေ့စ်ဘွတ်​နဲ့ သတင်း​တွေမှာ တင်​တဲ့ပုံ​တွေမှာ ပါတဲ့လက်​စွပ်​က သူတို့ တ​နှစ်​ပြည့်လုပ်​ထားတဲ့ လက်​စွပ်​ ဖြစ်​​ကြောင်း ရဲကို လာအ​ကြောင်းကြားတာ။ ကျနော်​တို့က ထုတ်​ပြပြီး သူက သူရဲ့ ရည်းစား လက်စွပ်ဖြစ်ေ​​​ကြာင်း ​အတည်​ပြု​ ပြော​ပေးခဲ့တယ်​။ အဲ့ဒီက​နေမှ ​စုံစမ်း​ဖော်​ထုတ်​နိုင်​ခဲ့တယ်​”လို့ ပြောပါတယ်​။ ပြစ်​မှုကျူးလွန်​ခဲ့​ကြောင်း ဝန်​ခံထားတဲ့ တရားခံ ၂ ယောက်ထဲမှ တယောက်ဖြစ်​တဲ့ စိုးလွင်​ကို ကျိုင်းတုံမှာ ဖမ်းဆီးထားပြီး ကျန်​တယောက်ဖြစ်​တဲ့ စိုင်းရှန်​ကို သာစည်​ရဲစခန်းမှာ ဖမ်းဆီးထားတယ်​လို့ သိရပါတယ်​။ စိုင်းရှန်​က တခြားအမှုတစ်​ခုနဲ့ သာစည်​မြို့မှာ အမှုရင်​ဆိုင်​​နေလို့ သာစည်​ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့​ကြောင်းသိရတယ်​။ လက်​ရှိ စစ်​​ဆေး​မေးမြန်းမှုအရ​တော့ သူတို့အရင်​က ရှိခဲ့ဖူးတဲ့ ပြဿနာ​တွေ​ကြောင့် သတ်​ပြီး မီးရှို့ အလောင်းဖျောက်ခဲ့တယ်​လို့ ၀န်​ခံထားပါတယ်​။ လတ်တလော တရားခံတွေက ၀န်ခံထားတာပဲဖြစ်ပြီး အသေးစိတ်ကိုတော့ ရဲတပ်ဖွဲ့ မထုတ်ပြန်သေးပါဘူး။ အသတ်ခံလိုက်ရတဲ့ အမျိုးသမီးဟာ ကျိုင်းတုံမြို့နယ်၊ အမှတ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ မအေဘီလှ အသက် ၁၈ နှစ်ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်​သတ်​ပြီး ကျိုင်းတုံမြို့မရဲစခန်းမှာ ပ/၂၃၀(၂၀၁၇) ရာဇာသတ်​ကြီးပုဒ်​မ ၃၀၂ လူသတ်​မှု၊ ၂၀၁ လူသတ်​ပြီး အ​လောင်း​ဖျောက်​ဖျက်​မှုနဲ့ အ​ရေးယူထားပါတယ်​။ ဒီဇင်​ဘာ ၂၂ ရက်​​နေ့က နမ့်လပ်​​ရေအားလျှပ်​စစ်​နားမှာ ၆ ​ပေအနက်​ရှိတဲ့ ​ချောက်​ထဲမှာ ​တွေ့ရှိခဲ့တဲ့ လူသတ်​မီးရှို့ခံထားရတဲ့ မိန်းက​လေးအ​လောင်းနဲ့ ပတ်သက်ပြီး လူသတ်​တရားခံတွေကို ရက်​ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်​ပါတယ်​။ သတင်း - သားသား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024