မန်ယူနောက်ခံလူ ဘလင်း ဘာစီလိုနာတွင် ကစားသင့်ဟု ဗန်ဟားလ် ပြော
မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဒါလေဘလင်းအနေနဲ့ အရန်ခုံမှာ ထိုင်နေတာထက်စာရင် ဘာစီလိုနာအသင်းမှာ သွားရောက်ကစားသင့်တယ်လို့ နည်းပြဟောင်း ဗန်ဟားလ်က ပြောလိုက်ပါတယ်။
စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ နောက်ခံလူ မာရှေယာနိုကို ထွက်ခွာခွင့်ပေးတော့မှာဖြစ်လို့ သူ့ရဲ့နေရာမှာ ဒါလေဘလင်းနဲ့ အစားထိုးဖို့ စိတ်ဝင်စားနေတာပါ။
ဒါလေဘလင်းဟာ နေရာတနေရာထက်ပိုပြီး ကစားနိုင်တဲ့ စွယ်စုံရ ကစားသမားဖြစ်ပြီး အင်္ဂလန်မှာထက် စပိန်ကစားပုံနဲ့ ပိုပြီးသင့်တော်တယ်လို့ ဗန်ဟားလ်က ဆိုပါတယ်။
ဒါလေဘလင်းဟာ မန်ယူအသင်းမှာ ပွဲထွက်ခွင့်မရတာကြောင့် အရန်ခုံမှာ အချိန်ဖြုန်းနေမယ့်အစား ဘာစီလိုနာအသင်းက ကမ်းလှမ်းလာတဲ့အခါ အသင်းပြောင်းရွှေ့သင့်တယ်လို့ ဗန်ဟားလ်က ဆိုပါတယ်။
ဟော်လန်ကစားသမား ဘလင်းဟာ မန်ယူအသင်းကို ဗန်ဟားလ်တာဝန်ယူခဲ့ဖူးတဲ့ ၂၀၁၄ ခုနှစ်က ခေါ်ယူခဲ့တာဖြစ်ပါတယ်။