A d v e r t i s e m e n t With Us

အမြင့်ခုန်သမား ၂ ဦး ပေ ၈၀ အမြင့်မှ ရေခဲမြစ်ထဲပြုတ်ကျ (ရုပ်သံ)

ဓာတ်ပုံ - The Siberian Times
ခန္ဓာကိုယ်ပေါ်မှာ လုံခြုံရေးကြိုးချည်ပြီး အမြင့်ခုန်တဲ့ လူငယ်စုံတွဲ ၂ ဦး ခန္ဓာကိုယ်သိုင်းကြိုး မှားယွင်းမှုဖြစ်ပြီး ပေ ၈၀ အမြင့်ကနေ ရေခဲနေတဲ့မြစ်ထဲ ပြုတ်ကျသွားလို့ သူတို့ ၂ ဦးရဲ့ အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။ ဒီအဖြစ်အပျက်ဟာ ရုရှားနိုင်ငံမှာ ဖြစ်ခဲ့ပြီး လူငယ်စုံတွဲရဲ့ သိုင်းကြိုးက ရှည်လွန်းနေတာကြောင့် သူတို့ ၂ ဦး ရေခဲပြင်ပေါ် ပြုတ်ကျသွားခဲ့တာလို့ ဆိုပါတယ်။ အမည်မဖော်ပြထားတဲ့ စုံတွဲဟာ သတိမေ့သွားပြီး ရုရှားနိုင်ငံရဲ့ ဝေးလံလှတဲ့ ဆာဗာစကီမြို့နားမှာ ဆေးကုသခံယူဖို့ အမြန်ပို့လိုက်ရတယ်လို့ သိရပါတယ်။ အခင်းဖြစ်တဲ့နေ့ နေ့လယ် ၂ နာရီမှာ ကယ်ဆယ်ရေးလုပ်ပေးဖို့ အရေးပေါ်လုပ်သားတွေ ဖုန်းလက်ခံရရှိပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ စုံတွဲကို ကယ်ဆယ်မှုတွေ လုပ်ဆောင်ပေးခဲ့တာပါ။ ရုရှား စုံစမ်းရေးကော်မတီကလည်း အခင်းဖြစ်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ အခုအဖြစ်အပျက်ကြောင့် အမြင့်ခုန်ကစားဖို့ ဦးဆောင်သူကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်နေကြပြီး သူ့ရဲ့ နမော်နမဲ့မှုကြောင့် ဒီလိုဖြစ်ခဲ့ရတယ် ဆိုရင်တော့ ထောင်ဒဏ် ၂ နှစ် ကျခံရနိုင်တယ်လို့ မှတ်ချက်ပေးထားကြကြောင်း မေရာသတင်းမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up