A d v e r t i s e m e n t With Us

၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်း၌ မီးလောင်မှု ၂၃၆ ကြိမ်ဖြစ်ပွား၊ ကျပ်သိန်း ၁၂၀၀၀ ကျော် ဆုံးရှုံး

  ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မီးလောင်မှု ၂၃၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ခန့်မှန်းခြေ ကျပ်သိန်းပေါင်း ၁၂၀၀၀ ကျော် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူးရုံးက ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။ တစ်နှစ်အတွင်း မီးလောင်ကျွမ်းမှုတွေထဲမှာ  လှိုင်သာယာမှာလောင်တဲ့မီး၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာလောင်တဲ့မီး၊ တောင်ဒဂုံမှာ လောင်စာဆီ တင်ဘောက်ဆာကား လောင်တဲ့မီးနဲ့ သုဝဏ္ဏ၊ ကမာကြည် YPI အထည်ချုပ်စက်ရုံမှာ လောင်ကျွမ်းခဲ့တဲ့မီးတွေကတော့ အကြီးစား မီးလောင်ကျွမ်းမှုတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတော့ မီးလောင်မှုပေါင်း ၂၂၀ ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးက ခန့်မှန်းချေ ကျပ် သိန်းပေါင်း ၃၆၀၀၀ ကျော်ရှိခဲ့ တယ်လို့ မီးသတ်ဌာနက  ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up