A d v e r t i s e m e n t With Us

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပိတ်ထားခဲ့ရသည့် မောင်တောမြို့မဈေးပြန်ဖွင့်

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပိတ်ထားခဲ့ရတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့မဈေးကြီးကို ဒီနေ့ မနက်ပိုင်းက ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ ARSA အကြမ်းဖက်သမားတွေရဲ့ နယ်ခြားစောင့်တပ်စခန်း ၃၀ ကို တပြိုင်တည်း တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့တဲ့အတွက် မောင်တောမြို့နယ် ဒေသတခုလုံး မတည်ငြိမ်မှုတွေနဲ့ မီးလောင်မှုတွေကြောင့် မောင်တောမြို့မဈေးကြီးကို သြဂုတ် ၂၅ ရက်က စတင်ပိတ်ထားခဲ့တာပါ။ မောင်တောမြို့မဈေးထဲမှာ CCTV ကင်မရာ ၂၄ လုံး တပ်ဆင်ဖို့ လျာထားပေမယ့် လောလောဆယ်မှာ ၁၆ လုံးသာ တပ်ဆင်ထားတာ တွေ့ရပါတယ်။ လုံခြုံရေးအတွက် ဈေး ဝင်ပေါက် ထွက်ပေါက်တွေမှာ ရဲတပ်ဖွဲ့ အစောင့်ချထားတာကိုလည်း တွေ့ရပါတယ်။ မောင်တောမြို့မဈေးကြီးမှာ ဆိုင်ခန်းပေါင်း ၄၅၃ လောက်ရှိပြီး ဒီနေ့မှာ ဈေးဆိုင်ခန်းပေါင်း ၃၀၀ ကျော်သာ ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ သတင်း - မင်းကျော်အောင်

A d v e r t i s e m e n t With Us

More News
Up