A d v e r t i s e m e n t With Us

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ငွေကျပ် ၅၈,၄၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၃,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၅,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၃၉,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၈,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲကြီး ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲကြီးကတော့ ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၁၉၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၂၅,၀၀၀ ပေါက်ဈေး ရှိနေပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၉၈,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲကြီးကတော့ ၁ အိတ်ကို ၉,၀၀၀ ကျော် ဈေးကျဆင်းခဲ့ပြီး မန္တလေးမှာတော့ ဒီနေ့မှာ ဈေးပြန်ဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ငွေကျပ် ၂၅,၀၀၀ ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းနက် မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ  နှမ်းနက်က ၁ အိတ်ကို ၁၀၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေးရှိနေပြီး နှမ်းနက် အများဆုံး ဝင်တဲ့ မုံရွာ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၇,၀၀၀  ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာ ၁ အိတ်ကို ၁၂,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။ ကုလားပဲ 929 မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ 929 က ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၀,၀၀၀ ပေါက်ဈေးရှိနေပြီး ကုလားပဲအများဆုံးဝင်တဲ့ မုံရွာ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၀,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ စားအုန်းဆီ မန္တလေးကို အများဆုံး ဝင်တဲ့ စားအုန်းဆီက ၁ ပိဿာကို ၁,၇၂၀ ကျပ်ကနေ ၁,၇၃၀ ကျပ် ပေါက်ဈေးရှိနေပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၇၇၀ ကျပ်ကနေ ငွေကျပ် ၁,၈၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံ ၁ ပိဿာကို ၇၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA

A d v e r t i s e m e n t With Us

More News
Up