ဗီယက်နမ်သို့ ဦးတည်နေသည့် မုန်တိုင်းကြောင့် လူတသန်းခန့်ကို ဘေးလွတ်ရာပြောင်းရွှေ့

ဓာတ်ပုံ - ရိုက်တာ
1.8K
ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း “တမ်ဘင်” ဟာ ဗီယက်နမ်နိုင်ငံဆီ ဦးတည်လာနေတဲ့အတွက် ဒီဇင်ဘာ ၂၅ ရက်နေ့က တောင်ပိုင်း ကမ်းရိုးတန်းတလျှောက်ရှိ လူတသန်းခန့်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေပါတယ်။
ဗီယက်နမ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကော်မတီက လူ ၇၄,၀၀၀ ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့တယ်လို့ ပြောပါတယ်။
အစိုးရက ကမ်းလွန်ရေနံတူးစင်တွေနဲ့ သင်္ဘောတွေကို စောင့်ရှောက်ပေးဖို့ ညွှန်ကြားထားပြီး ငါးဖမ်းလှေ ၆၂,၀၀၀ ခန့်ကို ပင်လယ်ပြင်မထွက်ဖို့ သတိပေးထားပါတယ်။
“တမ်ဘင်” မုန်တိုင်းဟာ ဒီနှစ်အတွင်း ဗီယက်နမ်ကိုဝင်ရောက်တဲ့ “၁၆” ခုမြောက် မုန်တိုင်းဖြစ်ပါတယ်။
ဗီယက်နမ်မှာ ဒီနှစ်အတွင်း မုန်တိုင်းနဲ့ တခြား သဘာဝဘေးအန္တရာယ်တွေကြောင့် လူ ၃၉၀ လောက် သေဆုံး၊ ပျောက်ဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ အိမ်နီးချင်း ဖိလစ်ပိုင်မှာတော့ မုန်တိုင်း “တမ်ဘင်” ကြောင့် လူ ၂၃၀ ကျော် သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။