အိမ်ရာမဲ့ဘဝရောက်သွားသည့် အီဘိုယေးကို ဂါလာတာစာရေး ကမ်းလှမ်း

ဓာတ်ပုံ - Getty
2.2K
သန်းကြွယ်သူဌေးဘဝကနေ အိမ်ရာမဲ့ဘဝ ရောက်သွားတဲ့ အာဆင်နယ် နောက်ခံလူဟောင်း အီဘိုယေးကို တူရကီကလပ် ဂါလာတာစာရေးအသင်းက လူငယ်အကယ်ဒမီအသင်းအတွက် နည်းပြလုပ်ပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။
အီဘိုယေးဟာ သူပိုင်ဆိုင်တဲ့ အရာအားလုံး သူ့မိန်းမကို လွှဲပေးခဲ့ရတာကြောင့် အိမ်ရာမဲ့ဘဝ ရောက်ခဲ့သူပါ။
ဂါလာတာစာရေးအသင်းမှာ ကစားဖူးခဲ့တဲ့ အီဘိုယေးဟာ လက်ရှိနည်းပြ တာရင်မ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူလည်း ဖြစ်ပါတယ်။
"ကျနော်တို့အသင်းရဲ့ အဝတ်လဲခန်းထဲမှာ သူ့အကြောင်းတွေ ကြားရတယ်။ အဲဒါကြောင့် ကျနော်တို့ ဂါလာတာစာရေးအသင်းက သူ့ကို တနည်းတဖုံတော့ ကူညီရမှာပေါ့" လို့ ဂါလာတာစာရေးနည်းပြ တာရင်မ်က ပြောပါတယ်။
အီဘိုယေးဟာ အာဆင်နယ်အသင်းမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ကစားခဲ့ပြီး ဂါလာတာစာရေးအသင်းမှာတော့ ၂၀၁၂ ကနေ ၂၀၁၅ ထိ ကစားခဲ့သူလည်း ဖြစ်ပါတယ်။