A d v e r t i s e m e n t With Us

ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​ဥက္ကဋ္ဌ လူထု သူရဲ​ကောင်း​ဆုရ

ဒု- ဗိုလ်ချုပ် ြကီး​ပန်ဖ (ရှမ်း​ြပည်တပ်မ​ေတာ်​ေတာင်ပိုင်း​)
အစိုး​ရနဲ့​အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူထား​တဲ့​ ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ တည်​ထောင်ခြင်း​ ၄၈ နှစ်ပြည့်​ အခမ်း​အနား​ကို ဝမ့်​ဟိုင်း​ဌာနချုပ်မှာကျင်း​ပရာ ပါတီ​ခေါင်း​ဆောင် ဒု- ဗိုလ်ချုပ် ကြီး​ပန်ဖကို ​ဒေသ ခံပြည် သူလူထုက သူရဲ​ကောင်း​ဆုချီး​မြှင့်​ခဲ့​ပါတယ်။ [caption id="attachment_24541" align="alignleft" width="285" caption="ဒု-ဗိုလ်ချုပ်ကြီးပန်ဖ (ရှမ်းပြည်တပ်မတော်တောင်ပိုင်း​) ဓာတ်ပုံ-သျှမ်းသံတော်ဆင့်​"][/caption] ၄၈ နှစ်ပြည့်​ အခမ်း​အနား​ကို ရှမ်း​ပြည်​ကျေး​သီး​မြို့​နယ် ဝမ့်​ဟိုင်း​ရွာမှာ ဧပြီ ၂၄ ရက်​နေ့​ မနက်က ကျင်း​ပခဲ့​ပြီး​ နအဖအစိုး​ရလိုလား​တဲ့​ နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ရေး​ကို လက်မခံခဲ့​တဲ့​အတွက် ဒု - ဗိုလ်ချုပ်ကြီး​ပန်ဖကို ​ဒေသခံပြည်သူ​တွေက သူရဲ​ကောင်း​ဆုချီး​မြှင့်​ခဲ့​တာလို့​ ရှမ်း​ပြည်တပ်မ​တော်က ​ပြောပါတယ်။ သူရဲ​ကောင်း​ဆုအဖြစ် ပြည်သူ​တွေက ဂုဏ်ပြုလွှာနဲ့​ ​ငွေသား​၊​ ​ရွှေသား​ပါ တန်ဖိုး​ကျပ်သိန်း​ ၂၀၀ ဝန်း​ကျင်​လောက် ချီး​မြှင့်​ခဲ့​တယ်လို့​ ပါတီ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဗိုလ်မှူး​စိုင်း​လက ​ပြောပါတယ်။ ဒု - ဗိုလ်ချုပ်ကြီး​ပန်ဖက​တော့​ ရှမ်း​ပြည်တပ်မ​တော်ကို ​ထောက်ခံတဲ့​ ပြည်သူ​တွေကို ပြန်ပြီး​ကျေး​ဇူး​ဆပ်တဲ့​အ​နေနဲ့​ ​ဒေသဖွံဖြိုး​ရေး​အတွက် ​ငွေသား​ကျပ် သိန်း​ ၂၀၀ နဲ့​ လယ်ထွန်စက် အလုံး​ ၂၀ ကို အခမ်း​အနား​မှာ ပြန်လည်​ပေး​အပ်ခဲ့​တယ်လို့​ ဆိုပါတယ်။ အဲဒီအခမ်း​အနား​ကို နာယက ဗိုလ်ချူပ်​ဆေထင်နဲ့​အတူ ပါတီဗဟို​ကော်မတီဝင်​တွေ၊​ အရာရှိ၊​ အရာခံ တပ်သား​နဲ့​ ရှမ်း​ပြည်တပ်မ​တော် ထိန်း​ချုပ်နယ်​မြေက ​ဒေသခံပြည်သူ​တွေ စုစု​ပေါင်း​ ၅၀၀ ​ကျော် တက်​ရောက်ခဲ့​ပါတယ်။ ဝ့​မ်ဟိုင်း​အ​ခြေစိုက် ရှမ်း​ပြည်​မြောက်ပိုင်း​အဖွဲ့​ဟာ ၁၉၈၉ ခုနှစ်က အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ယူခဲ့​တဲ့​ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​အဖွဲ့​ တပ်မဟာ ၁ က ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ နအဖ အစိုး​ရက တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​တွေကို နယ်ခြား​စောင့်​တပ်အသွင်​ပြောင်း​ခိုင်း​ရာမှာ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​ တပ်မဟာ ၃ နဲ့​ တပ်မဟာ ၇ တို့​က ဌာ​နေ ပြည်သူ့​စစ်အသွင်​ပြောင်း​ခဲ့​ပြီး​ ဗိုလ်ချုပ်ပန်ဖ ဦး​ဆောင်တဲ့​ တပ်မဟာ ၁ က​တော့​ မ​ပြောင်း​တဲ့​အတွက် အစိုး​ရတပ်​တွေနဲ့​ ပြီး​ခဲ့​တဲ့​နှစ် မတ်လကစပြီး​ ၇ လ ​ကျော် တိုက်ပွဲ​တွေ အပြင်း​အထန်ဖြစ်ပွား​ခဲ့​တယ်။ ၂၀၁၁ နှစ်ကုန်ပိုင်း​မှာ ဦး​သိန်း​စိန်အစိုး​ရက တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​တွေနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​လုပ်ဖို့​ကြေညာရာမှာ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေနဲ့​ ​ဆွေး​နွေး​ခဲ့​ပြီး​ ၂၀၁၂ ခုနှစ် ဇန်နဝါရီမှာ ပြည်​ထောင်စုအဆင့်​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူ လက်မှတ်​ရေး​ထိုး​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​လည်း​ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​ ထိန်း​ချုပ်နယ်​မြေထဲက အစိုး​ရတပ်​တွေ ဆုတ်ခွာသွား​တာမရှိတဲ့​အတွက် ဧပြီလ ကြား​ဖြတ်​ရွေး​ကောက်ပွဲ မတိုင်ခင်ထိ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​အဖွဲ့​နဲ့​ အစိုး​ရတပ်​တွေကြား​ တိုက်ပွဲ ၄ ကြိမ်ထက်မနည်း​ ဖြစ်ပွား​ခဲ့​တယ်လို့​ ရှမ်း​ပြည်တပ်မ​တော်က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up