A d v e r t i s e m e n t With Us

အဖော်ခွေးလေးနှင့် အိမ်ထဲတွင် ကစားနိုင်ရန် တရုတ်ကပ်မှန်ဖွင့်ပေးသည့် ကလေးငယ် (ရုပ်သံ)

မာဖီလို့ခေါ်တဲ့ ကလေးငယ်လေးဟာ သူ့အဖော် ခွေးလေးနဲ့ အတူကစားနိုင်ဖို့ အိမ်ရဲ့ တရုတ်ကတ် ပြတင်းမှန်တွေ ဖွင့်ပေးလိုက်တဲ့ ချစ်စဖွယ်ရုပ်သံကို မေရာသတင်းမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖော်ပြထားပါတယ်။ မာဖီဟာ တရုတ်ကတ်မှန်တွေ ဘယ်လိုဖွင့်ရမယ်ဆိုတာ သိပြီး မှန်တံခါးတွေ ဖွင့်လိုက်ချိန် သူ့ရဲ့သူငယ်ချင်း အမွေးဖွားခွေးကလေး ဂျော့ရှ်က မှန်ပေါက်တွေထဲကနေ အတင်းတွန်းပြီး အခန်းထဲ ဝင်လာနိုင်ခဲ့တာပါ။ ချစ်စဖွယ် ဒီရုပ်သံထဲမှာ တရုတ်ကတ်မှန်ပေါက် ကျဉ်းကျဉ်းလေးထဲကနေ ခွေးကလေး အတင်းတွန်းဝင်လာချိန် ကလေးငယ် မာဖီက ပျော်ရွှင်စွာ ရယ်မောနေတာ မြင်ရပါတယ်။ ခွေးလေးဟာ နောက်ဆုံး သူ့ကိုယ်လေးကို ညှစ်ပြီး ကြမ်းပြင်ပေါ် ခုန်ချလိုက်ချိန် မာဖီကလေးက သူ့လုပ်ငန်း ပြီးဆုံးသွားလို့ ဝမ်းပန်းတသာ လက်တွေကို ဝှေ့ယမ်းနေတာပါ။ ဒီလို ချစ်စဖွယ် ရုပ်သံကို ကလေးရဲ့မိခင် ကယ်ဆေးဒီက ရိုက်ကူးခဲ့ပြီး သူမရဲ့ကလေးနဲ့ ခွေးကလေး ဂျော့ရှ်တို့က အချစ်ခင်ဆုံး အဖော်တွေလို့ ရေးသားကာ လူမှုကွန်ရက်ပေါ် တင်ခဲ့တာလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up