Home
မြန်မာသတင်း
YBS လမ်းကြောင်းသစ်တခု ဘတ်စ်ကားစီးရေ ၅၀၀ ဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲမည်
အာကာ
·
December 26, 2017
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လက်ရှိ YBS ပြေးဆွဲနေတဲ့ ကုမ္ပဏီတချို့နဲ့ လုပ်ငန်းရှင်တွေ ပါဝင်မယ့် ကုမ္ပဏီတခု ကားစီးရေ ၅၀၀ နဲ့ လမ်းကြောင်းသစ်တခုကို မကြာမီ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ လူထုမိတ်ဆွေလို့ အမည်ပေးထားတဲ့ ဒီကုမ္ပဏီမှာ လက်ရှိ YBS Operator တွေ ဖြစ်တဲ့ Power Eleven ကုမ္ပဏီ၊ အောင်မြင်သူ ကုမ္ပဏီတို့ ပါဝင်ပါတယ်။ Power Eleven ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ကိုတရုတ်လေးက “လုပ်ငန်းရှင်တွေ ပါမယ်။ လက်ရှိ ကုမ္ပဏီတချို့ပါမယ်။ လမ်းကြောင်းတွေက တင်ထားတုန်းပါ။ YRTA ခွင့်ပြုချက် ရရင် လမ်းကြောင်းတွေကို ထုတ်ပြန်ပြီး ပြေးဆွဲသွားမှာပါ။ မူလကုမ္ပဏီတွေက မူလအတိုင်း ရှိမယ်။ ကုမ္ပဏီအသစ် နာမည်နဲ့ စီးပွားရေး လုပ်ကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။ YRTA လက်အောက်မှာ ကုမ္ပဏီ ၁၅ ခုရှိပြီး ယာဉ်လိုင်း ၁၀၀ နီးပါး ပြေးဆွဲနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024