ဆောက်သမ်တန်တိုက်စစ်မှူး ချာလီအော်စတင်ကို သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်

ဓာတ်ပုံ - Getty Images
1.4K
ဟတ်ဒါဖီးလ်အသင်း ဂိုးသမား ဂျိုနက်စ်လော့ဆယ်ကို နှာခေါင်းရိုးကျိုးတဲ့အထိ ထိခိုက်စေခဲ့တဲ့ ဆောက်သမ်တန် တိုက်စစ်မှူး ချာလီအော်စတင်ကို အက်ဖ်အေက သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
အင်္ဂလန်တိုက်စစ်မှူး အော်စတင်အနေနဲ့ ဂိုးသမား လော့ဆယ်နဲ့ တဦးချင်အတွေ့မှာ ခြေထောက်နဲ့ ကန်မိခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက အရေးယူမှု မလုပ်ခဲ့ပေမယ့် ပွဲဗွီဒီယိုမှတ်တမ်းကို ပြန်ကြည့်ရာမှာ မလိုလားအပ်ဘဲ အဝင်ကြမ်းခဲ့တယ်လို့ အက်ဖ်အေက စွဲချက်တင်ခဲ့တာကြောင့် အခုလို သုံးပွဲပယ် ချမှတ်လိုက်တာပါ။
ချာလီအော်စတင်အနေနဲ့ ဂိုးသမား လော့ဆယ်ကို ထိခိုက်ဒဏ်ရာ ရစေခဲ့တာနဲ့ပတ်သက်ပြီး ပြန်လည်တောင်းပန်ခဲ့ပေမယ့် ၃ ပွဲပယ်ပြစ်ဒဏ်ဟာ များပြားလွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။
အော်စတင်ဟာ တံကောက်ကျောဒဏ်ရကနေ ပြန်ကောင်းလာပြီး ကစားခဲ့တဲ့ ၅ ပွဲမှာ ၅ ဂိုး သွင်းယူထားတာပါ။
အခုလို ၃ ပွဲပယ် ချမှတ်ခံရတာကြောင့် မန်ယူ၊ စပါး၊ ခရစ္စတယ်ပဲလေ့စ် အသင်းတွေနဲ့ ကစားမယ့်ပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။