A d v e r t i s e m e n t With Us

လွတ်လပ်ရေးနေ့ မြန်မာ့ရိုးရာ လှေသဘင်ပွဲတော် ကျင်းပမည်

နှစ် ၇၀ ပြည့်နှစ် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ လှေသဘင်ပွဲတော်ကို မွန်ပြည်နယ်၊ ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးထဲမှာ ကျင်းပဖို့ ရှိနေပါတယ်။ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှ ပြိုင်ပွဲဝင် အသင်းသားတွေက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် အစမ်းလေ့ကျင့် လှော်ခတ်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ချန်ပီယံဒိုင်းဖလားကို သီရိမာလာရပ်ကွက်အသင်းက ရခဲ့ကာ အခုလာမယ့်နှစ်မှာလည်း ချန်ပီယံဖလားကို ဘယ်အသင်း ရယူနိုင်မလဲဆိုတာ ပရိသတ်တွေက စိတ်ဝင်တစား ရှိနေတယ်လို့ မြို့ခံဝါသနာရှင်တဦးက ပြောပါတယ်။ ရေးမြို့နယ်မှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လှေသဘင်ပွဲတော်အပြင် အလွတ်တန်း ဘောလုံး၊ ခြင်းလုံး၊ ဘော်လီဘောနဲ့ တခြား အားကစားနည်းတွေပါ ထည့်သွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီက သိရပါတယ်။ သတင်း - နေမျိုးထွဋ်(ရေး)

A d v e r t i s e m e n t With Us

More News
Up