လေဖိအားနည်းရပ်ဝန်း ဆက်လက်ဖြစ်ပေါ်နေ
DVB
·
December 26, 2017
ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဆက်လက် တည်ရှိနေတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
ထူးခြားတဲ့ အခြေအနေအဖြစ် ဒီမနက် တိုင်းထွာချက်တွေအရ တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “တမ်ဘင်”(Tembin)ဟာ အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဗီယက်နမ်တောင်ပိုင်း ကမ်းခြေအနီး အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့ပြီလို့ဆိုပါတယ်။
အဆိုပါ အပူပိုင်းမုန်တိုင်းဟာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ တဖြည်းဖြည်းအားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၇ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။