ဟောလိဝုဒ် တရုတ်ဈေးကွက်ကို ၀င်ပြီ
DVB
·
April 25, 2012
တရုတ်ပြည် စီးပွားရေး တိုးတက်လာတာနဲ့အမျှ တရုတ်ရဲ့ ရုပ်ရှင်ဈေးကွက်ကလည်း ကမ္ဘာမှာ အလျင်မြန်ဆုံး ကြီးထွားလာနေပါတယ်။ အမေရိကန် ဟောလိဝုဒ် ရုပ်ရှင်ကုမ္ပဏီတွေလည်း တရုတ်ဈေးကွက်ကို မျက်စပစ်လာကြပါတယ်။ ဒါပေမယ့် ဟောလိဝုဒ် လုပ်ငန်းတွေဟာ တရုတ်အစိုးရရဲ့ တင်းကျပ်ထားတဲ့ အတားအဆီးတွေကို ပထမဆုံး ဖြတ်ကျော်ရပါမယ်။
တရုတ်ဈေးကွက်ထဲဝင်ပြီး ဟောလိဝုဒ် ရုပ်ရှင်တွေ ထုတ်လုပ်ဖို့ဆိုရင် တရုတ်ရုပ်ရှင်လုပ်ငန်းတွေနဲ့ ဖက်စပ် စတင်လုပ်ရပါမယ်။ အဲဒီ ဖက်စပ်နည်းဗျူဟာနဲ့ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားသစ်တွေ ထွက်လာနေပြီဖြစ်ကြောင်း ပေကျင်းမြို့မှ ‘လမ်လီ’ (Lam Li) က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။