နိုင်ငံတော် ဓာတ်အားစနစ်ပြတ်တောက်၊ ပြန်လည်ပြုပြင်နေ
DVB
·
December 25, 2017
နိုင်ငံတော်ဓာတ်အားစနစ်မှာ ဓာတ်အား ပြတ်တောက်လို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပါတယ်။
ညနေ ၄ နာရီခွဲအချိန်မှာ Temporary Fault ကြောင့် ၂၃၀ ကေဗွီ သပြေ၀-တောင်တွင်းကြီး၊ သပြေ၀-သာစည် ဓာတ်အားလိုင်းတွေ ပြတ်တောက်ခဲ့လို့ မဟာဓာတ်အားစနစ်မှာ ဓာတ်အားပြတ်တောက်မှု (System Break Down) ဖြစ်ပေါ်ခဲ့တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဘာကြောင့် ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဓာတ်အားပို့လွှတ်ရေးနဲ့ ကွပ်ကဲရေးဌာန ၀န်ထမ်းတွေက ပြန်လည်ထိန်းသိမ်းမောင်းနှင်ခဲ့တာကြောင့် ၄ နာရီ ၄၅ မိနစ်မှာ ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို မောင်းနှင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၅ နာရီ ၂၀ မိနစ်မှာတော့ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို မောင်းနှင်နိုင်ပြီး ကျန်တဲ့ ဓာတ်အားပေး စက်ရုံတွေကိုလည်း မောင်းနှင်နိုင်အောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ကတော့ ဓာတ်အားပေးစက်တွေကို မောင်းနှင်ပြီး လျှပ်စစ်ဓာတ်အားပေးဖို့ စီစဉ်နေတယ်လို့ ကြေညာထားပါတယ်။