A d v e r t i s e m e n t With Us

ပြောင်းရွှေ့လာသူများအပေါ် လေးစားရန်လိုအပ်ဟု ပုပ်ရဟန်းမင်းကြီး ပြော

ခရစ်ယာန်ယုံကြည်မှုအရ  ပြောင်းရွှေ့လာသူတွေအပေါ် လေးစားဖို့ လိုအပ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဗာတီကန်စီးတီးရှိ စိန့်ပီတာဘက်ဆီလီကာ ဘုရားကျောင်းမှာ နောက်ဆုံးညစာစားပွဲ အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ရိုမန်ကတ်သလစ်ဘာသာဝင်တွေရဲ့ အကြီးအကဲအဖြစ်  အဲင်္ဒီ အခမ်းအနားကို ပဉ္စမအကြိမ်အဖြစ် ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။ “ဖခမည်းတော် ဂျိုးဆက်နဲ့ မယ်တော် မာရီတို့ရဲ့ ခြေရာတွေကြားမှာ တခြားသူတွေရဲ့ ခြေရာတွေ ပျောက်ဆုံးခဲ့ပါတယ်။ ထွက်ခွာသွားကြတဲ့  မိသားစုတွေရဲ့ ခြေရာတွေကို ကျွန်ုပ် မြင်တွေ့ရပါတယ်။ လူသန်းပေါင်းများစွာဟာ ဆန္ဒမပါဘဲ သူတို့ချစ်မြတ်နိုးရသူတွေကို ထားရစ်ခဲ့ပြီး နိုင်ငံကနေ မောင်းထုတ်ခံနေရတာကို ကျွန်ုပ်တို့ မြင်တွေ့ရပါတယ်။ “ခရစ်ယာန်ယုံကြည်မှုဟာ ကျွန်ုပ်တို့ကို ခင်မင်ရင်းနှီးမှု အသစ်တွေ ဖွဲ့တည်ရမှာကို မကြောက်ရွံ့စေဘဲ လူမှုရေးအသိစိတ်အသစ်တွေ  ရှင်သန်ကိန်းအောင်းဖို့ တွန်းအားပေး ပါတယ်။ အဲဒီအတွက်  ဒီကမ္ဘာမြေမှာ သူတို့အတွက် နေရာမရှိဘူးဆိုတဲ့ ခံစားမှုမျိုး ဘယ်သူမှ မခံစားရပါဘူး။ ခရစ္စမတ် အချိန်အခါဟာ ကြောက်စိတ်ကို ကုသိုလ်ဒါန စိတ်အဖြစ် ပြောင်းလဲပေးတဲ့ အချိန်အခါပါ။ ကုသိုလ်ဒါန အသစ်တွေ ပြုလုပ်ကြဖို့ ပြောင်းလဲပေးတဲ့ အချိန်ခါ ဖြစ်ပါတယ်။” လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကပြောကြားခဲ့ပါတယ်။ ခရစ္စမတ်နေ့မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ဗာတီကန်စိးတီးနဲ့ တစ်ကမ္ဘာလုံးအတွက် ခရစ္စမတ်ကောင်းချီးသြဘာတွေ ချီးမြှင့်မယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up