ကမ္ဘာ့အရှည်ဆုံး မှန်တံတား တရုတ်နိုင်ငံတွင် ဖွင့်လှစ်(ရုပ်သံ)

ကမ္ဘာ့အရှည်ဆုံးမှန်တံတားကို တရုတ်နိုင်ငံ မြောက်ပိုင်း ဟီဘေးပြည်နယ်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ က ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီ မှန်တံတားဟာ အရှည် ၄၈၈ မီတာရှိပြီး ၄ မီတာကျယ်ကာ မတ်စောက်တဲ့ ချောက်ကမ်းပါးကြီး နှစ်ခုအကြား မြေပြင်ကနေ ၂၁၈ မီတာအထက်မှာ တည်ရှိပါတယ်။ အဲဒီမှန်တံတားကို ဟီဘေးပိုင်လု အုပ်စုက ကမ္ဘာလှည့်ခရီးသည်တွေကို အထူးဆွဲဆောင်ဖို့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဧည့်သည်တဦးက “ကျနော်တို့ တံတားအ၀င်ကနေ ဒီအထိ တံတားလယ်ရောက်တဲ့အထိ လမ်းလျှောက်ခဲ့တာပါ။ အောက်ငုံ့ကြည့်ရင် မြင်ကွင်းက ထင်းထင်းကြီးပဲ။ သိပ်ကို ခမ်းနားပါတယ်။ ဒီတံတားကြီးကို လာရောက်လေ့လာမိတဲ့အတွက် နောင်တမရပါဘူး။ သိပ်ကို ပျော်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။ အဲဒီ မှန်ံတံတားပေါ်က လမ်းလျှောက်ပြီး လှပတဲ့ ပတ်ဝန်းကျင် ရှုခင်းတွေ၊ သဘာဝ ရေတံခွန်တွေနဲ့ ရှေးဟောင်းမြို့နဲ့ ဘုရားကျောင်းတွေကို မြင်တွေ့နိုင်ပါတယ်။ တံတားတည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ဒီမှန်တံတားဟာ လူ ၃,၀၀၀ အထိ အလေးဝန်ခံနိုင်ပါတယ်။ ဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် တကြိမ်မှာ ဧည်သည် ၆၀၀ ပဲလက်ခံပါတယ်။ တံတားပေါ်မှာ လမ်းလျှောက်ဖို့ ကြောက်သူတွေကို ကူညီပေးဖို့ ၀န်ထမ်းတွေလည်း ထားရှိပါတယ်။ ဒီတံတားဟာ လုံးဝကို လုံခြုံမှု ရှိပါတယ်” လို့ ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up