ခရစ္စမတ်အကြိုနေ့က ကလေးငယ်များနှင့် ဖုန်းပြောခဲ့သည့် သမ္မတထရမ့်တို့ ဇနီးမောင်နှံ
ဒီင်္ဇင်ဘာလ ၂၄ ရက်နေ့ ခရစ္စမတ်အကြိုနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လင်နီယာထရမ့်တို့ဟာ ကလေးငယ်တွေနဲ့ ဖုန်းဆက်စကားပြောခဲ့ကြပါတယ်။
သမ္မတထရမ့်က ကလေးငယ်တွေကို ခရစ္စမတ်ဘိုးဘိုးကြီးဆီက ဘာလက်ဆောင် လိုချင်လဲလို့ မေးမြန်းခဲ့ပြီး သူဆန္ဒပြုတဲ့ လက်ဆောင်စာရင်းမှာ ပါဝင်တဲ့ ပစ္စည်းတွေကို ပြောကြားခဲ့ပါတယ်။
အဲဒီလိုပြောကြားရာမှာ ကလေးငယ်တဦးက အဆောက်အအုံ ဆက်တဲ့ အတုံးလေးတွေ လိုချင်တယ်လို့ ပြောကြားခဲ့ပြီး တခြားကလေးငယ်တဦးကတော့ ကျန်းမာရေးမကောင်းတဲ့ အဘွားဖြစ်သူကို ဆေးရုံက ဆင်းစေလိုတယ်လို့ ပြောခဲ့ပါတယ်။
ဖလော်ရီဒါ အပန်းဖြေအိမ်ကို ရောက်ရှိကတည်းက တွစ်တာကနေ မက်ဆေ့ခ်ျတွေ တောက်လျှောက်ပို့နေပါတယ်။
သမ္မတထရမ့်ကတော့ ရိုင်ယန် ဆိုတဲ့ ၅ နှစ်အရွယ် ကလေးငယ်နဲ့ ပြောကြားရာမှာ အမေရိကန်နိုင်ငံဟာ ကြွယ်ဝပြီးသားဖြစ်တယ်၊ ငြိမ်းချမ်းတာကိုပဲ လိုချင်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
အဲဒီကလေးငယ်ဟာ မြောက်အမေရိက လေကြောင်းကာကွယ်ရေးဌာနချုပ်ဆီ ဖုန်းဆက်ပြီး ခရစ္စမတ်ဘိုးဘိုး လာနေပြီလားဆိုပြီး မေးမြန်းခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။