အိမ်ရာမဲ့ဘဝ ရောက်မည်ကို စိုးရိမ်နေသည့် အာဆင်နယ် ကစားသမားဟောင်း

1.8K
အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း အီဘိုယေးဟာ တချိန်က ချမ်းသာကြွယ်ဝပြီး နာမည်ကြီးခဲ့ပေမယ့် အခုအချိန်မှာတော့ အိမ်ရာမဲ့ဘဝကို ရောက်တော့မှာကို ကြောက်ရွံ့နေပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ တွေးမိခဲ့တယ်လို့ ပြောပါတယ်။
ဇနီးသည် အော်ရီလီနဲ့ ကွာရှင်းခဲ့မှုမှာ တရားရုံးက အီဘိုယေးရဲ့ ပိုင်ဆိုင်မှုအားလုံးအား ဇနီးသည်ကို လွှဲပြောင်းပေးရမယ်လို့ အမိန့်ချမှတ်ခဲ့လို့ လက်ရှိမှာ အထုပ်အပိုးတွေ ပြင်ထားပြီး တံခါးလာခေါက်သံကို စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ သူ့ရဲ့သူငယ်ချင်းတွေအိမ်မှာ သွားနေမယ်လို့ ဆိုထားပါတယ်။ သူဟာ ငွေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုညံ့ကြောင်း၊ သူနဲ့အတူတူ တွဲကစားဖူးတဲ့ ကစားသမားတွေကို တွေ့ရင် ရှက်မိကြောင်းလည်း ပြောပါတယ်။
အီဘိုယေးဟာ အာဆင်နယ်အသင်းအတွက် ချန်ပီယံလိဂ်ဖိုင်နယ်၊ ပရီးယားလိဂ်မှာ ၇ ရာသီနဲ့ မိခင်အိုင်ဗရီကို့စ် အသင်းကို အာဖရိကဖလား ဖိုင်နယ်အဆင့် ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ ကစားခဲ့ဖူးတဲ့ ကလပ်အသင်းတွေက ဘယ်အလုပ်နဲ့မဆို ခေါ်ယူမယ်ဆို လုပ်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။