A d v e r t i s e m e n t With Us

မြန်မာ့လက်ရွေးစင်အသင်း ၁၀ ဆင့်တိုး၊ ကမ္ဘာ့အဆင့် ၁၄၀ ရောက်ရှိ

ကမ္ဘာ့အဆင့် ရပ်တည်မှု မြင့်မားတဲ့ အသင်းများဖြစ်တဲ့ အိန္ဒိယအသင်းနဲ့  ကာဂျစ် ရီပဗလစ် အသင်းတို့ကို သရေကစားနိုင်ခဲ့လို့ မြန်မာ့လက်ရွေးစင်အသင်း ကမ္ဘာ့အဆင့် ၁၄၀ သို့ ရောက်ရှိ ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အရင်လထက် အဆင့် ၁၀ ဆင့်တိုးပြီး  ကမ္ဘာ့အဆင့် ၁၄၀ မှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းအနေနဲ့ ကမ္ဘာအဆင့် သတ်မှတ်ချက် အဆင့် ၁၄၀ ကို ရောက်လာတာကြောင့် အာရှအဆင့် ရပ်တည်မှုမှာ အဆင့် ၂၇၊ အာဆီယံ ဒေသတွင်းမှာ အဆင့် ၄ နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီလို ရပ်တည်နိုင်ခဲ့တာဟာ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့  မိမိတို့ထက် ကမ္ဘာ့အဆင့် ရပ်တည်မှု မြင့်မားတဲ့ အသင်းများဖြစ်တဲ့ အိန္ဒိယအသင်းကို အဝေးကွင်းမှာ ၂ ဂိုးစီသရေ၊ ကာဂျစ် ရီပဗလစ်အသင်းကို အိမ်ကွင်းတွင် ၂ ဂိုးစီသရေ ကစားနိုင်ခဲ့ပြီး ဒေသတွင်းပြိုင်ဘက်ဖြစ်တဲ့ မလေးရှား လက်ရွေးစင် အသင်းကို အိမ်ကွင်းမှာ ၁-၀ ဂိုးမရှိနဲ့ အနိုင်ရအောင် ကစားနိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up