ခရစ္စမတ်အထိမ်းအမှတ်အဖြစ် ဗင်နီဇွဲလား အစိုးရဆန့်ကျင်သူ ၃၆ ဦး ပြန်လွှတ်ပေး

1.4K
ဒီဇင်ဘာလ ၂၄ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံမှာ ခရစ္စမတ်အမှတ်လက္ခဏာအဖြစ် အထိန်းသိမ်းခံ အစိုးရ ဆန့်ကျင်သူ ၃၆ ဦးကို ပြန်လည် လွှတ်ပေးခဲ့ပါတယ်။
ပြန်လည် လွှတ်ပေးလိုက်တဲ့အထဲမှာ ပြည်နယ် မြို့တော်ဝန်ဟောင်း အဲဖရက်ဒိုရာမို့စ်လည်း ပါဝင်ပါတယ်။
အဲဖရက်ဒိုရာမို့စ်က “ကျနော် အကျဉ်းချခံရတဲ့ကိစ္စကို ပြောရရင် လုံးဝကို တဖက်သတ် အကျဉ်းချခံရတာပါ။ ကျနော် ဘာပြစ်မှုမှ မကျူးလွန်ပါဘူး။ ကျနော် လုပ်တာမှန်သမျှ တာဝန်ယူတယ်။ ကျနော့်ကို မြို့တော်ဝန်ရုံးခန်းမှာ လာဖမ်းသွားတာ” လို့ ပြောခဲ့ပါတယ်။
ဗင်နီဇွဲလား တက်ကြွလှုပ်ရှားသူ ၂၇၀ လောက်ကိုအကျဥ်းထောင်မှာ ထိန်းသိမ်းထားတယ် ဆိုပြီး ပြည်တွင်းပြည်ပ ဝေဖန်သူတွေက ဆိုကြပါတယ်။
၂၀၁၄ ခုနှစ် အတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြမှု နှစ်ခုနဲ့ ဒီနှစ် အစောပိုင်း အတွင်းဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေ အတွင်း လူ ၁၇၀ လောက် သေဆုံးခဲ့ရပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်နေ့က ဗင်နီဇွဲလား အစိုးရဟာ အစိုးရဆန့်ကျင်သူ အထိန်းသိမ်းခံ ၈၀ ဦးကို ပြန်လည် လွှတ်ပေးမယ်ဆိုပြီး ကြေညာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။