ဆော်လမွန်အလှမွေးကြက် အလှပြိုင်ပွဲ (ဓာတ်ပုံ)
မလေးရှားကြက်မျိုးရင်းဖြစ်တဲ့ ဆီရာမာ မြန်မာနာမည် ဆော်လမွန် အလှမွေးကြက် အလှပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အားကစားကွင်းမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ကျင်းပနေပါတယ်။
မြန်မာဆော်လမွန် အလှမွေးကြက်ချစ်သူများအသင်းက ကျင်းပတာဖြစ်ပြီး ကြက်တွေကို သီချင်းဖွင့်ပြီး အလှပြိုင်ကြတာပါ။
ဆော်လမွန်ကြက်မျိုးတွေဟာ မြန်မာနိုင်ငံမှာ အကောင်ရေ ၃၀၀၀ ကျော်ရှိပြီး နိုင်ငံတကာ မှာ ကျင်းပတဲ့ ဆီရာမာပြိုင်ပွဲတွေကို တရားဝင် လေယာဉ်သယ်ဆောင်ခွင့်နဲ့ သွားရောက်ယှဉ်ပြိုင် လိုတယ်လို့ ဆော်လမွန်ကြက်ချစ်သူတွေက ပြောပါတယ်။