ထောင်ကျနေသည့် ပီရူးသမ္မဟောင်း ကျန်းမာရေး အခြေအနေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ရ

1.4K
ထောင်ဒဏ် ၂၅ နှစ် ကျခံနေရတဲ့ ပီရူးသမ္မတဟောင်း အဲဘတ်တိုဖူဂျီမိုရီကို ကျန်းမာရေး အခြေအနေကြောင့် ဒီဇင်ဘာလ ၂၄ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
လက်ရှိ သမ္မတ ပီဒရိုပတ်ဘလိုကူချန်စကီက သမ္မတဟောင်း ဖူဂျီမိုရီရဲ့ ပြစ်ဒဏ်တွေကို ပယ်ဖျက်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ဟာ ပီရူးပြည်သူ အများအပြားကို အံ့အားသင့်စေခဲ့ပြီးး အစိုးရအဖွဲ့အတွင်း ရာထူးက နုတ်ထွက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
လက်ရှိ အာဏာရပါတီ လွှတ်တော်အမတ်တဦးဖြစ်သူ အဲဘတ်တိုဒဲဘယ်လောင်က သူဟာ ကူချင်စကီရဲ့ပါတီကနေ ခွဲထွက်တော့မယ်လို့ တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
ဂျပန်လူမျိုး ဖူဂျီမိုရီဟာ ပီရူးနိုင်ငံကို ၁၉၉၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါတယ်။ ဖူဂျီမိုရီ အာဏာရစဉ်မှာ နိုင်ငံတွင်းရှိ မော်ဝါဒီသောင်းကျန်းသူတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး ဝေဖန်သူတွေက သူဟာ စစ်တပ်ကို လုပ်ပိုင်ခွင့် အလွန်အကျွံပေးခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။
အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ဖူဂျီမိုရိဟာ လူ့အခွင့်အရေး ပြစ်မှုတွေနဲ့ အဂတိလိုက်စားမှုကြောင့် ထောင်ဒဏ်ကျခံနေရတာဖြစ်ပြီး အခုအခါမှာတော့ လက်ရှိသမ္မတ ကူချန်စကီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိသွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။