ခရစ္စမတ်အကြို ဝတ်ပြုဆုတောင်းပွဲ ဒုသမ္မတ တက်ရောက်

1.5K
မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) ရဲ့ ခရစ်တော် မွေးနေ့ (ခရစ္စမတ်) အကြို ဝတ်ပြုဆုတောင်းတာနဲ့ ကျေးဇူးတော် ချီးမွမ်းတဲ့ အခမ်းအနားကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ပါတယ်။
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဧဝံဂေလိ အသင်းတော်မှာ မနေ့ ညနေ ၅ နာရီက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အခမ်းအနားကို ဒုတိယသမ္မတနဲ့အတူ ဇနီး ဒေါက်တာရွှေလွှမ်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တာဝန်ရှိသူတွေနဲ့ ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ သိက္ခာတော်ရဆရာတွေက သမ္မာကျမ်းစာ ဖတ်ကြားတာ၊ လူငယ်တွေက ဓမ္မသီချင်း သီဆိုခဲ့ကြသလို သူရဦးအောင်ကိုကလည်း ခရစ္စမတ် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့တယ်လို့ သမ္မတရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖြော်ပထားပါတယ်။
ဓာတ်ပုံ - သမ္မတရုံး