ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ကချင်ကက်သလစ်လူငယ်များ ခရစ္စမတ်ဓမ္မတေးသီဆို (ဓာတ်ပုံ)
DVB
·
December 24, 2017
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံအမှတ် ၅၄ သို့ ကချင်ကက်သလစ်လူငယ်တွေက ဒီနေ့ မွန်းလွဲ ၃ နာရီမှာ ခရစ္စမတ်ဆုတောင်း ဓမ္မတေးတွေ သွားရောက်သီဆိုဆုတောင်းခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “ကချင်လူငယ်တွေ လူတိုင်းလူတိုင်းဟာ ပညာလည်း ရှိရမယ်။ လုပ်နိုင်စွမ်းလည်း ရှိရမယ်။ စည်းလုံးခြင်းသည် အောင်မြင်မှုကို ရယူနိုင်ကြောင်း” ဆုံးမသြဝါဒစကား ပြောကြားခဲ့ပါတယ်။
ကချင်ကတ်သလစ်လူငယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်မှာ ဓမ္မတေးသီချင်းတွေ သီဆိုပြီးနောက် အန်အယ်လ်ဒီ နာယက ဦးတင်ဦးအိမ်သို့ ဆက်လက်သွားရောက်ပြီး ခရစ္စမတ်သီချင်းတွေ သီဆိုခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - လွင်မှိုင်း