ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ကချင်ကက်သလစ်လူငယ်များ ခရစ္စမတ်ဓမ္မတေးသီဆို (ဓာတ်ပုံ)

  ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံအမှတ် ၅၄ သို့ ကချင်ကက်သလစ်လူငယ်တွေက ဒီနေ့ မွန်းလွဲ ၃ နာရီမှာ ခရစ္စမတ်ဆုတောင်း ဓမ္မတေးတွေ သွားရောက်သီဆိုဆုတောင်းခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ကချင်လူငယ်တွေ လူတိုင်းလူတိုင်းဟာ ပညာလည်း ရှိရမယ်။ လုပ်နိုင်စွမ်းလည်း ရှိရမယ်။ စည်းလုံးခြင်းသည် အောင်မြင်မှုကို ရယူနိုင်ကြောင်း” ဆုံးမသြဝါဒစကား ပြောကြားခဲ့ပါတယ်။ ကချင်ကတ်သလစ်လူငယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်မှာ ဓမ္မတေးသီချင်းတွေ သီဆိုပြီးနောက် အန်အယ်လ်ဒီ နာယက ဦးတင်ဦးအိမ်သို့ ဆက်လက်သွားရောက်ပြီး ခရစ္စမတ်သီချင်းတွေ သီဆိုခဲ့ကြတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - လွင်မှိုင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up