ဗြိတိန်ဘုရင်မကြီး၏ ခရစ္စမတ်ပွဲ မီဂန်မာကယ် တက်ရောက်

1.6K
မင်းသားဟယ်ရီရဲ့ စေ့စပ်ထားသူ အမေရိကန် မင်းသမီး မီဂန်မာကယ်က သူမရဲ့ ယောက္ခမဘက်က ဆွေမျိုးတွေနဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး တော်ဝင်မိသားစုတွေအတွက် ဗြိတိန်ဘုရင်မကြီး ကျင်းပတဲ့ ခရစ္စတ်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။
ခရစ္စမတ်ပွဲကို တက်ရောက်လာကြတဲ့ တော်ဝင်မိသားစုတွေရဲ့ ဝတ်စားဆင်ယဉ်မှုနဲ့ ဝတ်ဆင်လာတဲ့ ကျောက်မျက်ရတာတွေကို လူတွေက အာရုံထားနေကြပြီး တော်ဝင်မိသားစုဝင် တဦးဖြစ်သူ ဘုရင်မကြီးရဲ့ ဝမ်းကွဲမောင်နှမနဲ့ လက်ထပ်ထားတဲ့ ကန့်မြို့စားကတော်က အာဖရိကန် အမေရိကန် မိခင်မှ မွေးဖွားလာတဲ့ မင်းသမီး မီဂန်နဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံပွဲမှာ လူမျိုးရေးခွဲခြားမှု ရှိတဲ့ အငြင်းပွားဖွယ်ရာ ကျောက်မျက်ရတနာ ရင်ထိုးတခုကို ဝတ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
ကန့်မြို့စားကတော်က ကိုလိုနီစနစ်၊ ကျွန်ပြုခြင်းတွေနဲ့ ဆက်စပ်မှုရှိတဲ့ နှစ်ပေါင်းများစွာ ငြင်းခုန်ဆွေးနွေးမှုပြုကြတဲ့ ဘလက်က်မိုးအနုပညာ (Blackamoor’ art) လက်ရာထဲက လူမည်း အာဖရိကန် အမျိုးသားပုံ ရင်ထိုးကို ဝတ်ဆင်ခဲ့တာပါ။
လူမည်း အာဖရိကန် ကျွန်တဦးရဲ့ ပုံစံ ပြုလုပ်ထားတဲ့ ကျောက်မျက်ရင်ထိုးကို ကန့်မြို့စားကတော် ဝတ်ဆင်လာမှုက လူထုတွေထဲမှာ ပြဿနာတခုအဖြစ် အတင်းအဖျင်းပြော ဝေဖန်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဘုရင်မကြီးရဲ့ မြေးတော်က သူ့ရဲ့ လူမျိုး ၂ မျိုး ပေါင်းစပ်မွေးဖွားလာတဲ့ (ကပြား) စေ့စပ်ထားသူကို ပထမဦးဆုံးအကြိမ်အဖြစ် ဆွေတော်မျိုးတော်တွေကို မိတ်ဆက်ပေးတဲ့ ဘုရင်မကြီးရဲ့ ခရစ်စ်မတ်ပွဲမှာ ကိုလိုနီလက်အောက်ခံ ပြန်ဖြစ်ဖို့ လူမည်းတွေကို တခါက ပြောခဲ့ဘူးတဲ့ အမျိုးသမီးက ဒီလို ဝတ်ဆင်ဖို့ စီစဉ်ခဲ့တာပေါ့” လို့ ဝေဖန်သူတွေက ပြောကြောင်း မေရာသတင်းတပုဒ်မှာ ဒီဇင်ဘာ ၂၂ ရက်နေ့က ဖော်ပြထားပါတယ်။