လန်ဒန်မြို့ရှိ တိရစ္ဆာန်ရုံတရုံ မီးလောင်မှု ဖြစ်ပွား
ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းက လန်ဒန်မြို့ရှိ လန်ဒန်တိရစ္ဆာန်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမား ၇၀ ကျော် မီးငြှိမ်းသတ်ခဲ့ရပါတယ်။
မနက် ၆ နာရီကျော်က တိရစ္ဆာန်ရုံရှိ Animal Adventure အပိုင်းကနေ မီးစတင်လောင်ခဲ့ပြီးနောက် အနီးရှိ Adventure ကဖေး နဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းဆိုင်တို့ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။
တိရစ္ဆာန်တွေကို အစာကျွေးတဲ့နေရာအနီးမှာ မီးလောင်ကျွမ်းခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရ သူ မရှိဘူးလို့ လန်ဒန် မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။
မီးလောင်မှုကြောင့် ကဖေးနဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင် လေးပုံသုံးပုံခန့် ပျက်စီးခဲ့ရပြီး မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရ သေးဘူးလို့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။
လန်ဒန် တိရစ္ဆာန်ရုံ မီးလောင်မှုကြောင့် အာဖရိက တောဝက်တကောင် သေဆုံးခဲ့ရပြီး တောင်အာဖရိက မြွေပါ ၄ ကောင်လည်း သေဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။