A d v e r t i s e m e n t With Us

မန္တလေး-မြစ်ကြီးနား အစုန်ကုန်ရထား တိမ်းမှောက်

  စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နဘားဘူတာနဲ့ အင်းတော်ဘူတာ အကြား ဒီနေ့ နေ့လယ်ပိုင်းက  မြစ်ကြီးနား-မန္တလေးအစုန်ရထား တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ် လို့ အင်းတော်ဘူတာ ရုံပိုင်လေး အောင်မင်းထက်က ပြောပါတယ်။ ဖြစ်စဉ်မှာ ရထားစက်ခေါင်းမောင်း ဦးဇော်ထွန်းဦးနဲ့ ဦးဇော်ဇော်အောင်၊ ဂတ်ဗိုလ် ဦးတင်မင်းသန့် တို့မောင်းနှင်လာတဲ့ မန္တလေး-မြစ်ကြီးနား အမှတ် ၉၃၈ အစုန်ကုန်ရထားဟာ နဘားဘူတာ နဲ့ အင်းတော်ဘူတာအကြား မိုင်တိုင်အမှတ် ၅၈၇/၁၁ နဲ့ ၁၇ ကြားမှာ တွဲ (၄) တွဲတိမ်းမှောက်ပြီး တွဲ (၅) တွဲ ဘီးချော်မှု တိမ်းမှောက်ခဲ့တာပါ။ အဆိုပါ ရထားဘီးချော်တိမ်းမှောက်မှုဖြစ်ပွားရာသို့ နဘား၊ အင်းတော်မီးရထားမှ တာဝန် ရှိသူတွေ သွားရောက်ပြုပြင်နေပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းဖွင့်နိုင်မယ့်အချိန်ကို မခန့်မှန်းနိုင်သေးဘူးလို့ အင်းတော်ဘူတာရုံပိုင်လေး အောင်မင်းထက်က ပြောပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)

A d v e r t i s e m e n t With Us

More News
Up