A d v e r t i s e m e n t With Us

လူမျိုးရေးခွဲခြားမှုဆိုင်ရာစကား မပြောခဲ့ကြောင်း ထရမ့် ငြင်းဆန်

သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ လူဝင်မှု ကြီးကြပ်ရေးကိစ္စ ရွှေ့ပြောင်းနေထိုင်သူများအရေး ဆွေးနွေးပွဲအတွင်း လူမျိုးရေး ခွဲခြားမှုဆိုင်ရာ မှတ်ချက်ပေးခဲ့တယ်ဆိုတာကို ငြင်းဆန်လိုက်ပါတယ်။ ဇွန်လမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားလုံခြံရေးဆွေးနွေးပွဲအတွင်း ဒီလိုရှက်ဖွယ်ကောင်းတဲ့ မှတ်ချက်တွေကို သမ္မတက ပေးခဲ့တယ်လို့ အမည်မဖော်ပြတဲ့ အာဏာပိုင် ၂ ဦးက ပြောခဲ့တာကို သည်နယူးယော့ခ်တိုင်းမ်စ် သတင်းစာကြီးက ရည်ညွှန်း ပြောဆိုခဲ့တာပါ။ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းလာသူ ၂၅၀၀ က အကြမ်းဖက်မှုတို့ရဲ့ ကောင်းကင်ဘုံဖြစ်တဲ့ အာဖကန်နစ္စတန်နိုင်ငံကလို့ ထရမ့်ပြောကြောင်း တိုင်းမ်စ်သတင်းစာကြီးက ရေးသားထားပြီး ရွှေ့ပြောင်းလာသူပေါင်း ၁၅,၀၀၀ ကျော်က အားလုံးမှာ အေအိုင်ဒီအက်စ် ရောဂါရှိနေတဲ့ ဟေတီနိုင်ငံကလို့ ထရမ့်က ပြောကြောင်း သတင်းအရင်းအမြစ် တခုအရ သိရပါတယ်။ နောက်ထပ် ရွှေ့ပြောင်းလာသူ ၄ သောင်းကျော်ကတော့ နိုက်ဂျီးရီးယားနိုင်ငံက ဖြစ်ပြီး သူတို့ အမေရိကန်နိုင်ငံကို ရောက်လာတဲ့အခါ ဘယ်တော့မှ သူတို့ရဲ့ တဲတွေဆီ ပြန်သွားမှာ မဟုတ်ဘူးလို့ ထရမ့်က ပြောခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတရဲ့ အဖွဲ့ကတော့ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အတည်ပြု ပြောကြားပေမယ့် ဒီလိုစကားတွေ ပြောခဲ့တာကိုတော့ ဒေါသတကြီး ငြင်းဆန်ခဲ့ကြပါတယ်။ “ဆွေးနွေးပွဲမှာ ရှိနေတဲ့ အကြီးတန်း ဝန်ထမ်းတွေအားလုံး၊ ပြည်ထဲရေးဝန်ကြီး နယ်လ်ဆင်၊ နိုင်ငံခြားရေးဝန်ကြီး တေလာဆန်၊ ဗိုလ်ချုပ်မက်မာစတာ၊ ဗိုလ်ချုပ်ကယ်လီတို့ အားလုံးက ဒီလိုရှက်ဖွယ်စကားတွေကို ငြင်းဆန်လိုက်ကြောင်း” အိမ်ဖြူတော်ရဲ့ သတင်းနဲ့ပြန်ကြားရေး ဝန်ကြီး ဆာရာဟက်ဘီးဆန္ဒြာက ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွှေ့ပြောင်းနေထိုင်သူများအရေးနဲ့ ပတ်သက်ရင် ထရမ့်ရဲ့ ဒီလို စိတ်ဆိုးဖွယ်ရာ အသုံးအနှုန်းတွေကို ပြောဆိုတာဟာ ဒါက ပထမဦးဆုံး အကြိမ်မဟုတ်ပါဘူး။ အမေရိကန်နယ်စပ်ကို ဖြတ်ကျော်လာတဲ့ မက်ဆီကိုလူမျိုးတွေနဲ့ ပတ်သက်လို့ “ကျနော့်ကို ယုံပါ၊ သူတို့က ကျနော်တို့ရဲ့ မိတ်ဆွေတွေ မဟုတ်ဘူး” လို့ ထရမ့် တခါက ပြောခဲ့ဘူးပါသေးတယ်။ “သူတို့က မူးယစ်ဆေးဝါးတွေနဲ့ ရာဇဝတ်မှုတွေကို သယ်ဆောင်သူတွေ၊ သူတို့က မုဒိမ်းကောင်တွေ၊ ကျနော့်အထင် အချို့ကတော့ လူကောင်းတွေပါ” လို့ ထရမ့်က ပြောခဲ့ကြောင်း မေရာသတင်းမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up