ဖိလစ်ပိုင်ရှော့ပင်းမော မီးလောင်မှု ၃၇ ဦး သေဆုံး၊ အဆောက်ဦပေါ်မှ ဆင်းရန်ကြိုးစားသူအချို့ (ရုပ်သံ)
ဖိလစ်ပိုင်နိုင်ငံရှိ ရှော့ပင်းမောတခုမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့က မီးလောင်ခဲ့တဲ့အတွက် လူ ၃၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆ ဦးကို ဆေးရုံ တင်ပို့ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးခဲ့သူ အများစုဟာ အပေါ်ဆုံးထပ်ရှိ call centre က ၀န်ထမ်းတွေလို့ ယုံကြည်ရကြောင်း ဒေသမီဒီယာက ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့ရှိ ၄ ထပ်မြင့်တဲ့ NCCC ရှော့ပင်းမောမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက မီးစတင်လောင်ခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့ အရုဏ်မတက်မီအထိ မီးဆက်လက်လောင်ကျွမ်းခဲ့ပါတယ်။
ဗွီဒီယိုထဲမှာတော့ မီးလောင်နေတဲ့ ရှော့ပင်းမော အပေါ်ဆုံးထပ်က လူတွေ အောက်ကို ဆင်းဖို့ ကြိုးစားနေတာ မြင်တွေ့ရပါတယ်။
ဒါဗာအိုမြို့မှာ မြို့တော်ဝန်အဖြစ် ၂ နှစ်ကြာ တာဝန်ထမ်းခဲ့ပြီး လက်ရှိလည်း အဲဒီမြို့မှာ နေထိုင်နေတဲ့ သမ္မတ ဒူတာတေးဟာ မီးလောင်ခဲ့ရာ ရှော့ပင်းမောလ်ကို သွားရောက်ခဲ့ပြီး သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို သွားရောက်နှစ်သိမ့်အားပေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။