Home
မြန်မာသတင်း
မိတ္ထီလာ-သာစည်လမ်းတွင် ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်
DVB
·
December 24, 2017
  မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-သာစည်လမ်း ဥယျာဉ်ရွာအနီးမိုင်တိုင် ၃/၃နှင့်၎ အကြား  ဒီဖင်ဘာ ၂၃ ရက် ညနေပိုင်းက ဆိုင်ကယ် ၂ စီး မျက်ချင်းဆိုင်တိုက်မိပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ မိတ္ထီလာအမှတ်(၂)ရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဖြစ်စဉ်မှာ သာစည်ဘက်ကလာတဲ့ တပ်သားနိုင်လင်း စီးလာတဲ့ဆိုင်ကယ်နဲ့ မိတ္ထီလာဘက်ကလာတဲ့ ကိုဇော်ဝင်းနိုင် မောင်းပြီးနောက်ခုံမှာ ဒေါ်လှဝင်းကြည်လိုက်ပါလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ၃ ဦးလုံး ဒဏ်ရာရသွားတယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။ မိတ္ထီလာအမှတ်(၂)ရဲစခန်းဒုရဲအုပ် အောင်သိုက်က “တပ်သားနိုင်လင်းကတော့ ယာမျက်ခုံးပေါက်တယ်။ ဝဲဒူးနဲ့ယာခြေထောက် ပေါက်ပြဲသွားတယ်။ တပ်မတော်ကုတင် ၅၀၀ ဆေးရုံ ပို့ပေးရတယ်။ ကိုဇော်ဝင်းနိုင်ကတော့ နှာခေါင်းက သွေးထွက်၊ ဝဲဒူးပေါက်ပြီး ယာမျက်လုံး ရောင်နေတယ်။ ဒေါ်လှဝင်းကြည်က လက်နဲ့ခြေထောက်ပွန်းပဲ့သွားတယ် မိတ္ထီလာဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။ မိတ္ထီလာအမှတ်(၂)ရဲစခန်းက တပ်သားနိုင်လင်းနဲ့ ကိုဇော်ဝင်းနိုင်တို့ ၂ ဦးကို ယာဉ်မဆင်မခြင် ပေါ့ဆစွာမောင်းလို့ သာမန်ဒဏ်ရာရမှု၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ- ၃၃၇/၃၃၈နဲ့ အမှုဖွင့်ထားပြီး ရထပ(၁)ကတပ်သားနိုင်လင်းကို တပ်မတော်ဖက် အမှုလွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024