A d v e r t i s e m e n t With Us

မက်ဆီဖရီးကစ် ရော်နယ်ဒို၏မျက်နှာကို တမင်ထိအောင်ကန်ခဲ့ဟု ပရိသတ်များ လှောင်ပြောင် (ရုပ်သံ)

မက်ဆီရဲ့ဖရီးကစ်ဟာ ရော်နယ်ဒိုရဲ့ မျက်နှာကို တမင်ထိအောင် ကန်ခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေက လှောင်ပြောင်ရေးသားနေကြပါတယ်။ ပွဲကစားချိန်အတွင်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ဂိုးကို ရော်နယ်ဒိုအနေနဲ့ လူတံတိုင်းကာရင်း မျက်နှာတည့်တည့်ကို ထိမှန်ခံ ကာကွယ်ခဲ့ပေမယ့် ပရိသတ်တွေကတော့ မက်ဆီဟာ ရည်ရွယ်ချက်ရှိရှိ ကန်ခဲ့တာဖြစ်တယ်လို့ တွစ်တာစာမျက်နှာတွေ ပေါ်မှာဟာသနှော ရေးသားနေကြတာပါ။ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာပေါ်မှာ လူကြည့်အများဆုံးပွဲစဉ် တပွဲဖြစ်တဲ့ အက်ကလက်စီကို ဒါဘီဟာ ယခင်ပွဲစဉ်တွေလိုပဲ ရသအပြည့်ပေးစွမ်းနိုင်ခဲ့ပြီးတော့ အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့အတူ ၃ ဂိုးပြတ်နဲ့ ဘာစီလိုနာအသင်းက ဘာနေဗျူးမှာ အောင်ပွဲခံခဲ့တာပါ။ နှစ်သင်းပေါင်း ဂိုးပေါက် ကန်သွင်းမှု ၂၆ ကြိမ်အထိရှိခဲ့ပြီးတော့ ရီးရဲတိုက်စစ်မုး ရော်နယ်ဒိုဟာ ခြေစွမ်းပြခဲ့ပေမယ့် ပွဲကစားချိန် ၆၃ မိနစ်မှာ ကာဗာဂျယ်ထုတ်ခံရလို့ တယောက်လျော့ ရီးရဲတို့ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ ဂါရက်ဘေးလ် လူစားဝင်ကစားသမားအဖြစ် ပြန်လည်ပွဲထွက် လာခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ရီးရဲမက်ဒရစ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက ဘာစီလိုနာ အသင်းနဲ့ ၁၄ မှတ်ထိ ကွာဟသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up