စပိန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန်အသင့်ဟု ကတ်တလန်ခေါင်းဆောင်းဟောင်းပြော

ကတ်တလန်ရွေးကောက်ပွဲမှာ ခွဲထွက်ရေးလိုလားတဲ့ ပါတီတွေက ပါလီမန်အမတ်နေရာအများစု ရရှိခဲ့အပြီးမှာ ကတ်တလန်ခေါင်းဆောင်ဟောင်း ပူအိဒမုန်က စပိန်ဝန်ကြီးချုပ်နဲ့ စပိန်နိုင်ငံပြင်ပမှာ တွေဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၂၂ ၇က်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကနေ ရုပ်သံမိန့်ခွန်းမှာ “ကျနော့်အနေနဲ့ စပိန်ဝန်ကြီးချုပ် ရာခွိုင်းနဲ့ ဘရပ်ဆဲလ်မှာဖြစ်ဖြစ်၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံမှာဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်” လို့ ပြောကြားသွားပါတယ်။
နောက်ပြီး ကတ်တလန်အစိုးရဖွဲ့သစ်မှာ ခေါင်းဆောင်နေရာရဖို့ အာမခံတယ်ဆိုပါက သူ့အနေနဲ့ စပိန်ကို ပြန်လာမယ်လို့လည်း ပူအိဒမုန်ကပြောကြားပါတယ်။
လွန်ခဲ့တဲ့ လပိုင်းက ကတ်တလန်ကို စပိန်ကနေခွဲထွက်ကြောင်း ကြေညာလိုက်အပြီးမှာ စပိန်အစိုးရက ကတ်တလန်အစိုးရအဖွဲ့ကို ဖျက်သိမ်းပစ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ခွဲထွက်ရေးဦးဆောင်သူဖြစ်တဲ့ ကတ်တလန်ခေါင်းဆောင် ပူအိဒမုန်ဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ထွက်ပြေးသွာတာဖြစ်ပါတယ်။
စပိန်အစိုးရကလည်း ကတ်တလန်အစိုးရအဖွဲ့ဝင်အတော်များများကို နိုင်ငံတော် ပုန်ကန်မှု၊ သူပုန်ထမှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။