A d v e r t i s e m e n t With Us

စီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများဦးဆောင်မှုမြှင့်တင်ရန် ​ဆွေး​နွေးပွဲ ကျင်းပ

  အ​သေးစား၊ အလတ်​စားလုပ်​ငန်း​တွေမှာ မြန်​မာအမျိုးသမီးလူငယ်​စွမ်း​ဆောင်​ရှင်​​တွေ​ ဦး​ဆောင်​လာနိုင်​ဖို့အတွက် ​​စက်​မှုဝန်​ကြီးဌာန၊ စက်​မှုကြီးကြပ်​​ရေးနှင့် စစ်​​ဆေး​ရေးဦးစီးဌာနနဲ့ ဂျာမနီနိုင်​ငံမှ GIZ အဖွဲ့အစည်းနဲ့ပူး​ပေါင်းကာ​ ဆွေး​နွေးပွဲပြုလုပ်​ခဲ့ပါတယ်​။ “Towards Increasing Women's Participation in Business” ​ခေါင်းစဉ်​နဲ့​ဆွေး​ နွေးပွဲကို ဒီဇင်​ဘာလ ၂၃ ရက်​​နေ့က ရန်​ကုန်​မြို့ Centre of Excellence မှာပြုလုပ်​ခဲ့တာပါ။ စက်​မှုဝန်​ကြီးဌာန၊ အ​သေးစားနှင့် အလတ်​စားလုပ်​ငန်းများ ဖွံ့ဖြိုးတိုးတက်​​ရေးဌာနမှ ညွှန်​ကြား​ရေးမှူးချုပ်​​ ဒေါ်​အေး​အေးဝင်းက “ဖွံ့ဖြိုးဆဲနိုင်​ငံ​တွေမှ​ရော ဖွံ့ဖြိုးပြီးနိုင်​ငံ​တွေမှာပါ စီးပွား​ရေးလုပ်​ငန်း​တွေမှာ အမျိုးသမီး​တွေရဲ့အခန်းကဏ္ဍ မြှင့်တင်​​ပေးဖို့ လိုအပ်​ပါတယ်​။ မြန်​မာနိုင်​ငံရဲ့ အ​သေးစားအလတ်​စားလုပ်​ငန်း​တွေမှာလည်း အမျိုးသမီး​တွေရဲ့ဦး​ဆောင်​မှု မြှင့်တက်​လာဖို့အတွက် လိုအပ်​တဲ့သင်​တန်း​တွေ၊ ​ဆွေး​နွေးမှု​တွေကို ဌာနအ​နေနဲ့ အမြဲ လုပ်​​ဆောင်​​ပေး​နေတာပါ။ ပညာတတ်​မှ စီးပွား​ရေးလုပ်​ငန်းရှင်​ဖြစ်​မယ်​ဆိုတဲ့ အ​တွေး​တွေနဲ့ အိမ်​တွင်းထဲမှာ​နေပြီး အိမ်​အလုပ်​​တွေနဲ့ ဘဝကုန်​​နေတဲ့ အမျိုးသမီး​တွေ မဖြစ်​​စေချင်​တဲ့အတွက်​ ဝန်​ကြီးဌာနအ​နေနဲ့ ဒီလို​ဆွေး​နွေးပွဲ​တွေ လုပ်​​ဆောင်​​ပေးတာဖြစ်​တယ်​”လို့​ပြောပါတယ်​။

A d v e r t i s e m e n t With Us

More News
Up