Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း လက်နက်ကြီးကျည်ကျ၊ ကလေး ၁ ဦး သေဆုံး
DVB
·
December 24, 2017
ရှမ်းမြောက်ပိုင်း မူဆယ်နယ် ၁၀၅ ကုန်သွယ်ရေး စခန်းရှိ မိုင်းယုရပ်ကွက်ပေါ် ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းမှာ အမည်မသိအဖွဲ့အစည်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန် ကျရောက်ခဲ့ကာ ကျေးရွာသားအချို့ကို ထိမှန်ခဲ့ပြီး ကလေး ၁ ဦး သေဆုံးခဲ့တယ်လို့ မူဆယ်မြို့ ပြည်သူ့စစ် ခေါင်းဆောင်တဦးက ပြောပါတယ်။ "အမည်မသိရသေးတဲ့ အဖွဲ့ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင် စခန်းအကျော်က မိုင်းယုဆိုတဲ့ ကျေးရွာသီလရှင်​ကျောင်းအနီး တယ်​လီဖုန်းတာဝါတိုင်​နားတဝိုက်​သို့ ကျ​ရောက်​​ပေါက်​ကွဲ​တဲ့ လက်​နက်​ကြီးကျည်​ ထိမှန်​တဲ့ အတွက် က​လေးငယ်​တယောက် ခါး​အောက်​ပိုင်း​ပြတ်​ဒဏ်​ရာနဲ့ ​နေရာမှာ​​သေဆုံးပြီး နောက် က​လေးတယောက် ​ခြေ​ထောက်​ပျက်​ရှဒဏ်​ရာရတယ်။ လူကြီးတ​ယောက် ​ဒဏ်​ရာရခဲ့တယ်။" ဒီဇင်ဘာ ၂၃ ရက်နေ့ ညနဲ့ ၂၃ ရက်နေ့ လက်နက်ကြီးကျည် ၂ ကြိမ်ကျခဲ့ပြီး ကျည်စုပေါင်း လေးချက် ကျခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် ၁၀၅ မိုင်​ မိုင်းယုရွာ နဲ့ မန့်​​မော်​ရွာကြားရှိ နမ္မတူ နို့စားနွား​မွေးမြူ​ရေးခြံအတွင်း နွားစာ​ရုံနဲ့ နွားခြံကြားကျ​ရောက်​​တဲ့ လက်​နက်​ကြီးလက်​နက်​ကြီးကျည်​ ၂ လုံး​ကြောင့် နို့စားနွား ၂ေ​ကောင်​​သေကာ ၁၈ေ​ကာင်​ဒဏ်​ရာရရှိပြီး ခြံတွင်း ရှင်းလင်း​ဆောင်​ အ​ဆောက်​အဦနဲ့ နွားခြံအမိုးတွေ ပျက်​စီးပြီး ခြံလုပ်​သား ၂ ဦး အနည်းငယ်​ဒဏ်​ရာရရှိ​ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း မူဆယ်​မြို့နယ်​ မုံး​ပေါ်​ဒေသ ဟိုနားရွာအနီး မန်​ကျမ်​ရွာသွားလမ်း ခွဲအနီးထောင်​ထား​တဲ့ မိုင်း ၁ လုံးကို ​ကျောင်းအဆင်း အိမ်​ကို ပြန်​လာကြ​တဲ့ ​​ကျောင်းသားကငယ် ၅ ဦးထဲက တဦးက တွေ့ခဲ့ပြီး ခဲနှင့်​ပစ်​​ပေါက်​လိုက်​ရာက မိုင်း​ပေါက်​ကွဲတဲ့အတွက် ကလေးငယ် ၁ ဦးနေရာမှာ သေဆုံးခဲ့ပြီး ကျန်ကလေးငယ် ၂ ဦးကတော့ လာရှိုးပြည်သူ့ဆေးရုံမှာ အပြင်းထန် ဒဏ်ရာနဲ့ ဆေးကုသခံနေတယ်လို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024