မျောက်များနှင့် မိတ်ဖွဲ့ခင်မင်နေသည့် ၂ နှစ်အရွယ်ကလေး

1.7K
အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့နားက ရွာမှာနေတဲ့ ၂ နှစ်သားကလေးဆီ မျောက်တွေက မှန်မှန် လာလည်ပြီး ကလေးက ထူးဆန်းစွာ မျောက်တွေနဲ့ ခင်မင်ရင်းနှီး ဆက်သွယ် ဆော့ကစားနေလို့ စိတ်ကူးယဉ် ကာတွန်းကားထဲက အဓိကဇာတ်ကောင် မော်ဂလီလိုမျိုး ခေတ်သစ်မော်ဂလီလေးအဖြစ် ထင်ရှား လူသိများလာတယ်လို့ သိရပါတယ်။
ကလေး မီးခိုးရောင် လန်ဂါမျောက်အမျိုးအစားတွေနဲ့ (Langur) မိတ်ဆွေဖြစ်နေတာက ဒေသခံတွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေတာပါ။
မျောက်တွေက ကလေးကို လုံးဝ အန္တရာယ်မပြုပဲ သူတို့နေထိုင်ရာနဲ့ မိုင် ၂၅၀ ဝေးတဲ့ ဘန်ဂလိုမြို့မှာရှိတဲ့ ၂ နှစ်သားကလေးရဲ့ အိမ်ကို ခဏခဏ လာလည်ခဲ့ကြသလို ကလေးကလည်း သူ့ရဲ့ မုန့်တွေကို မျောက်တွေနဲ့ ခွဲဝေစားရတာကို ပျော်ရွှင်နေပါတယ်။
၂ နှစ်သား ဆမ်မာ့သ်ဘန်ဂါရီလေးက တယောက်တည်း ရွာထဲမှာ မီးခိုးရောင် လန်ဂါမျောက် ၂ ဒါဇင်နဲ့ ဆော့ကစားနေတာကို တွေ့ရှိခဲ့ကြပြီး ဦးလေးဖြစ်သူက မျောက်တွေ ဒီလိုပြုမူတာကို တွေ့ရတာက ထူးဆန်းနေတယ်လို့ ပြောသလို ရွာသားတွေကတော့ ကလေးရဲ့ လုံခြုံရေးအတွက် ထိတ်လန့်နေကြပါတယ်။
ဒါပေမယ့် မကြာခင်မှာပဲ ရွာသားတွေက ဆမ်မာ့သ်ကလေး လယ်တောထဲမှာ မျောက် အကောင် ၂၀ လောက်နဲ့ ကစားနေတာကို တွေ့ဖို့ ကလေးရဲ့အိမ်ကို သွားလည်ပတ်ကြပါတော့တယ်။
ရုပ်သံထဲမှာ ကလေးအိပ်နေတုန်း မျောက်တွေက လာနိုးပြီး ကလေးနဲ့ ဆော့ကစားနေတာကို စီဂျီတီအန်သတင်းမှာ ဒီဇင်ဘာ ၂၂ ရက်က ဖော်ပြထားပါတယ်။