ဒဏ်ရာရ ဒေးဗစ်ဆေးလ်ဗားနှင့် ဂျွန်စတုန်းစ် လေ့ကျင့်ခန်းပြန်ဆင်း

1.5K
မန်စီးတီး ကစားသမားတွေဖြစ်တဲ့ ဂျွန်စတုန်းစ်နဲ့ ဒေးဗစ်ဆေးလ်ဗာတို့ ဒဏ်ရာကောင်း မွန် လာတာကြောင့် လေကျင့်ခန်းပြန်ဆင်းနေပါတယ်။
ကွင်းလယ်ကစာသမားဒေးဗစ်ဆေးဗားလ်ဟာ စပါးကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲနဲ့ လက်စတာကို အနိုင်ရတဲ့ လိဂ်ရှုံးထွက်ဖလားပွဲတွေကို လွဲချော်ခဲ့ပါတယ်။
နောက်ခံလူ ဂျွန်စတုန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရသူပါ။
လက်ရှိအချိန်မှာ နှစ်ဦးစလုံးလေ့ကျင့်ခန်းပြင်ဆင်းနေပြီး ပွဲထွက်ကစားဖို့ အသင့်ရှိနေပြီလို့ သိရပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပုံစံကောင်းပြသနေပြီး အဓိက ကစားသမားနှစ်ဦး ဒဏ်ရာက ပြန်ကောင်းလာတဲ့အတွက် ကစားသမားအင်အား ပိုမိုတော့င်တင်းလာပါတယ်။