Live
Home
မြန်မာသတင်း
နှစ်လဲယာဉ်စစ်ဆေးခံရန် အွန်လိုင်းမှ ရက်ချိန်းယူနိုင်တော့မည်
ပိုင်စိုး
·
December 23, 2017
နှစ်လဲယာဉ်စစ်ဆေးခံဖို့အတွက် လာမယ့် ဇန်နဝါရီလဆန်းက စပြီး အွန်လိုင်းကနေ ရက်ချိန်း ယူနိုင်တော့မယ်လို့ ပြန်ကြားရေးသတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ကစပြီး Online Booking စနစ် စမှာဖြစ်ပြီး နှစ်လဲယာဉ်တွေအတွက်ပဲ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နယ်ဝင်ယာဉ်တွေ၊ စက်ပြောင်း၊ ဆေးရောင်ပြောင်း၊ အမည်ပြောင်းစစ်ဆေးခံမယ့် ယာဉ်တွေကတော့ အရင်အတိုင်းပဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ Online Booking စနစ်နဲ့ ရုံးဖွင့်ရက်တွေမှာ မနက်၊ ည နှစ်ပိုင်းခွဲပြီး ရွာသာကြီးရုံးနဲ့ ခရိုင်ရုံး ၄ ရုံးမှာ သတ်မှတ်အစီးရေအလိုက် လက်ခံဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ Online Booking သုံးဖို့ ခက်ခဲသူတွေအတွက်ကတော့ လတလရဲ့ နောက်ဆုံးရုံးဖွင့်ရက် နှစ်ရက်မှာ ဆောင်ရွက်ပေးမယ်လို့လည်း ဆိုပါတယ်။ ရက်ချိန်းယူမယ့် သူတွေအနေနဲ့ www.rtad.gov.mm မှာ ဒီဇင်ဘာ ၂၇ ရက်နေ့က စပြီး စာရင်းသွင်းနိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံး ၃ ရက်ကနေ အများဆုံး ၃၀ ရက်အထိ ကြိုတင် ရက်ချိန်းယူနိုင်ပါတယ်။ ယာဉ်စီးရေများလာတာနဲ့ အမျှ မှတ်ပုံတင်လုပ်တဲ့ ယာဉ်တွေဟာ မိုးမလင်းခင်ကပဲ ကညနရုံးတွေမှာ တန်းစီရတာ၊ ကားတွေ ပြည့်ကျပ်လို့ ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်နေတာပါ။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ စာရင်းတွေအရ တနိုင်ငံလုံးမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်ပေါင်း ၉ သိန်း ၉ သောင်းကျော်ရှိပြီး ရန်ကုန်တိုင်းမှာတော့ ထက်ဝက်ကျော်ဖြစ်တဲ့ ၅ သိန်းကျော်ရှိနေတာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024